Certificate Awarding Ceremony (Career Enhancement Program)

Home / News / Certificate Awarding Ceremony (Career Enhancement Program)

Myanmar Business Executives Association(MBE) နှင့် INEDUCO, Switzerland တို့ ပူးပေါင်းဖွင့်လှစ်သည့် KV Zurich Business School အသိအမှတ်ပြု Career Enhancement Program အောင်လက်မှတ်ချီးမြှင့်ပွဲ နှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ၇ ရက်နေ့ က ရန်ကုန်မြို့ M3Food Center, Diamond Hall တွင်ကျင်းပပြုလုပ်ခဲ့ပါသသည်။

သင်တန်းဆင်းပွဲတွင် Small and Medium Enterprise Development Basic Course သင်တန်းသားဦးရေ (၁၇) ဦး

Financial Accounting Basic Course သင်တန်းသားဦးရေ (၂၀) ဦး နှင်

Microfinance Basic Course သင်တန်းသားဦးရေ (၈) ဦး

စုစုပေါင်း သင်တန်းသား (၄၅) ဦးတို့ကို သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းအသီးသီမှ ထူးချွန်ကျောင်းသားများကိုလည်း ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ယခုသင်တန်းဆင်းပွဲသည် Career Enhancement Program ၏ ၂၁ ကြိမ်မြှောက်သင်တန်းဆင်းပွဲဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း Career Enhancement Program မှ Basic Courses နှင့် Advance Courses အောင်မြင်ပြီးမြှောက်သူ သင်တန်းသားစုစုပေါင်း ၁၄၆၄ ဦးရှိလာခဲ့ပြီဖြစ်ပါသည်

Career Enhancement Program (CEP) သည် ငွေကြေးအကျိုးအမြတ်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း မဟုတ်သည့်အတွက် သင်တန်းမှတ်ပုံတင်ကြေး (Basic Course – 40,000 kyats), (Advanced Course – 40,000 kyats) မှအပ အခြားမည်သည့် အခကြေးငွေမျှ ပေးသွင်းရန် မလိုသည့် သင်တန်းများ ဖြစ်ပါသည်။

ထပ်မံဖွင့်လှစ်မည့် သင်တန်များကို အသေးစိတ်သိရှိလိုပါကဖော်ပြပါ link မှဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Career Enhancement Program