ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် ဒေသများ ကူညီပံ့ပိုးရေး အစီအစဉ် တစ်ရပ်အနေဖြင့် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) အသင်း၏ ပထမအသုတ် ပံ့ပိုးလှူဒါန်းမှုအနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသော ဧရာဝတီ တိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာ၊ ပန်းဘဲတန်းရပ် ရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၀၀) အတွက် အထောက်အပံ့ ပစ္စည်းများကို ပေးအပ် လှူဒါန်းခဲ့ပါသည်။
ယခု လှူဒါန်းမှုကို MBE အသင်းဝင် အလှူရှင်များက စုစည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ရေဘေးသင့် အိမ်ထောင်စု တစ်စုစာအတွက်
– (၄’x ၆’) ချည်ကြမ်းစောင် (၁) ထည်၊
– မယ်တင် ရွှေပုဇွန်ကြော် ငံပြာရည်ကြော် နှင့် ကြက်သား တောချက် အနှစ်ထုပ် (၅ ထုပ်စီ) ၊
– ရွှေလက်ရာ ငါးနီတူခြောက်ကြော် (၁) ထုပ်၊
– Ma Mee ဆီချက်ခေါက်ဆွဲ (၅) ထုပ်ပါ (၂) ပါကင်၊
– ကာဘော်လစ် ဆပ်ပြာထောင့် (၁) ခု၊
– ချိုဆိမ့် နို့မြေပဲကွတ်ကီး (၁) ထုပ်၊
– ဘုရင် ဘီစကစ် (၁) ထုပ်၊
– ရှူးရှဲလက်ဖက် ၁၀ ထုပ်ပါ (၂) တွဲ၊
– Aquatabs (၆၇ မီလီဂရမ်) ရေသန့်ဆေးပြား (၅) ခု ၊
– ပါရာစီတမော (၁) ကဒ်
– ဝမ်းပိတ်ဆေး (၁) ကဒ်
တို့ အသီးသီး ပါဝင်သည့် ပစ္စည်းများကို MBE အသင်းဝင်များက MBE အသင်းရုံး၌ စနစ်တကျ ထုပ်ပိုးပြီး စုစည်းပို့ဆောင်ခြင်းကို MBE အသင်းဥက္ကဋ္ဌ ဦးဆောင်သည့် စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ Responsible Business & Sustainability Committee (MBE RBSC) အလုပ်အမှုဆောင်များ၊ MBE အသင်းဝင် အလှူရှင်များက (၂၇.၈.၂၀၂၆) ရက်က စုစည်း ဆောင်ရွက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့်ဒေသများ ကူညီဆောင်ရွက်ရေး အခြေအနေများနှင့် စပ်လျဉ်းပြီး THO လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့နှင့် ဆွေးနွေးခဲ့ကြပါသည်။
(၂၈.၈.၂၀၂၆) ရက်နေ့၊ ရေဘေးသင့်ဒေသများသို့ ကွင်းဆင်း သွားရောက် လှူဒါန်းမှုအဖြစ် MBE အသင်း အထွေထွေ အတွင်းရေးမှူး နှင့် MBE RBSC ကော်မတီ အလုပ် အမှုဆောင်များ ပါဝင်သည့် MBE ကိုယ်စားပြုအဖွဲ့က ဆောင်ရွက်ခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
MBE အသင်းအနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် ရေဘေးသင့်ဒေသများ ကူညီပံ့ပိုးရေး အစီအစဉ်များ အပါအဝင် လူမှုကူညီ ပံ့ပိုးရေး အစီအစဉ်များကို MBE အသင်းဝင်များ၊ မိတ်ဖက် အဖွဲ့အစည်းများ၏ စုပေါင်းအားဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

































