(MBE) နှင့် YOUTH International College (YIC) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်း

Home / News / (MBE) နှင့် YOUTH International College (YIC) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်း
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် YOUTH International College (YIC) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်းကို ယနေ့ (၂၆.၈.၂၀၂၆) ရက်နေ့၊ ရန်ကုန််မြို့တွင် ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ MBE အသင်း ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါ်မင်းမင်းမဉ္ဇူ ဦးဆောင်သည့် MBE အသင်း စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ Collaboration & Strategic Partnership Committee (MBE CSPC) အလုပ်အမှုဆောင်များ၊ YOUTH International College မှ Founder & CEO Dr. ဇော်လင်း၊ Co-founder & Director Dr. ယဉ်သူအေး တို့ ဦးဆောင်သည့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ များ၊ အခြား မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး MBE အသင်း ကိုယ်စား ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်မင်းမင်းမဉ္ဇူ နှင့် အထွေထွေ အတွင်းရေးမှူး ဦးသိန်းဦး တို့ကလည်းကောင်း၊ YOUTH International College ကိုယ်စား Founder & CEO Dr. ဇော်လင်း နှင့် Co-founder & Director Dr. ယဉ်သူအေး တို့ကလည်းကောင်း၊ လက်မှတ် ရေးထိုးခဲ့ကြပါသည်။
MBE အသင်း Collaboration & Strategic Partnership Committee (MBE CSPC) က တာဝန်ယူ စီစဉ်ဆောင်ရွက်သည့် ယခု MoU ရေးထိုးမှု၌ နှစ်ဖက် အဖွဲ့အစည်းများ အ‌နေဖြင့် Exchange of students, Joint teaching activities, Internship opportunities for students, Jointly promoting and developing Myanmar Small and Medium Enterprise Programs, Visits by, and exchanges of, scholars, teachers, and resource persons, Jointly organizing business plan contests, matchings, and networking Sessions, Jointly supporting CSR Activities လုပ်ငန်း နယ်ပယ်များတွင် နှစ်ဖက် အဖွဲ့အစည်းများအကြား နှင့် မိမိတို့၏ အဖွဲ့အစည်းဝင် အသီးသီးတို့အကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် လုပ်‌ဆောင်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။