မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် India Myanmar Chamber of Commerce (IMCC) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်းကို ယနေ့ (၁.၉.၂၀၂၆) ရက်နေ့၊ ရန်ကုန််မြို့တွင် ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ MBE အသင်း ဥက္ကဋ္ဌ ဦးမင်းဦး ဦးဆောင်သည့် MBE အသင်း စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ Collaboration & Strategic Partnership Committee (MBE CSPC) အလုပ်အမှုဆောင်များ၊ IMCC Chamber ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya ဦးဆောင်သည့် Chamber အလုပ်အမှုဆောင်များ နှင့် တာဝန်ရှိသူများ ၊ IMCC ၏ အခြား မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
MoU လက်မှတ်ရေးထိုးမှုအဖြစ် MBE အသင်း ကိုယ်စား ဥက္ကဋ္ဌ ဦးမင်းဦး နှင့် Collaboration & Strategic Partnership Committee (MBE CSPC) Chairperson ဦးစည်သူအောင် တို့က လည်းကောင်း၊ IMCC Chamber ကိုယ်စား ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiyaနှင့် ဘဏ္ဍာရေးမှူး Mr. Manoj Chowdhary တို့က လည်းကောင်း၊ ဆောင်ရွက်ခဲ့ကြပါသည်။
MBE အသင်း Collaboration & Strategic Partnership Committee (MBE CSPC) က တာဝန်ယူ စီစဉ် ဆောင်ရွက်သည့် ယခု MoU ရေးထိုးမှု၌ နှစ်ဖက် အဖွဲ့အစည်းများ အနေဖြင့်
• Joint Events and Programs
• Member Meetups and Networking
• Reciprocal Invitations
• Speakers, Mentors, and Resource Persons
• Community and Business Development Initiatives
• Information Sharing and Promotion
• Institutional Learning and Knowledge Exchange
လုပ်ငန်း နယ်ပယ်များတွင် နှစ်ဖက် အဖွဲ့အစည်းများအကြား နှင့် မိမိတို့၏ အဖွဲ့အစည်းဝင် အသီးသီးတို့အကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။





















