Career Enhancement Program

Myanmar Business Executive Association (MBE) နှင့် Foundation for INcome generating, EDUcational and COmmunity Developing Projects (INEDUCO), Switzerland တို့ပူးပေါင်းဖွင့်လှစ်သော KV Zurich Business School အသိအမှတ်ပြု လက်မှတ်ရ Basic Course သင်တန်းများကို သင်တန်းမှတ်ပုံတင်ကြေး (40,000) ကျပ်မှ အပအခြား မည်သည့် အခကြေးငွေမျှ ပေးသွင်းရန် မလိုပဲဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။

ယခုဖွင့်လှစ်သင်ကြားပေးလျက်ရှိသော Career Enhancement Program သန်တန်းများဖြစ်မြောက်ရေးအတွက် Lady Bella အမှတ်တံဆိပ်ဖြင့် တိုင်းရင်းသားရိုးရာ ချည်ထည်၊ ပိုးထည်အမျိုးမျိုးတို့ကို ခေတ်နှင့်အညီ ဖန်တီးချုပ်လုပ် ရောင်းချပေးနေသည့် KKKL Co.,Ltd နှင့် လူသုံးကုန်၊ အလှအပရေးရာ Cosmetic ပစ္စည်းများကို ဖြန့်ဖြူးရောင်းချပေးနေသည့် New Link Marketing Limited တို့မှ Silver Course Sponsor များအဖြစ်ကူညီပံ့ပိုးပေးထားပါသည်။

Career Enhancement Program အတွက် ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံသူ မည်သူမဆိုပါဝင်လျောက်ထားနိုင်ပါသည်။

  • ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်းရင်းသားဖြစ်ရမည်။
  • အနိမ့်ဆုံး ပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူ ဖြစ်ရမည်။
  • သတ်မှတ် သင်တန်းချိန်အတိုင်း မပျက်မကွက် တက်ရောက်နိုင်သူ ဖြစ်ရမည်။

စိတ်ပါဝင်စားသူများသည် သင်တန်းတည်နေရာ၌ လျှောက်လွှာများကို အခမဲ့ထုတ်ယူ ပြီး အောက်ဖော်ပြပါစာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရမည်ဖစ်ပါသည်။

  • ဓါတ်ပုံ (၃)ပုံ
  • မှတ်ပုံတင်မိတ္တူ၊
  • ပညာအရည်အချင်း လက်မှတ်မိတ္တူများ
  • အလုပ်အကိုင်ဆိုင်ရာ ထောက်ခံချက်
  • မည်သည့်အတွက် မိမိကို သင်တန်း တက်ရောက်ခွင့် ပြုသင့်ကြောင်းနှင့် သင်တန်းမှရရှိသော ပညာကို မည်သို့ အသုံးချရန် ရည်ရွယ်ထားကြောင်း ကိုယ်တိုင်ရေးသားထားသောစာတစ်ပုဒ်

ဆက်သွယ်ရန်

သင်တန်းစီစဉ်ညွန်ကြားရေးမှုး

အခန်း (၅၀၈)၊ ၅လွှာ၊စံရိပ်ငြိမ်ဂမုန်းပွင့် Shopping Mall၊ အင်းစိန်လမ်းမကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း – ၀၉ ၄၂၀၅၁၆၁၆၅, ၀၉ ၇၉၅၈၃၄၀၃၈,၀၉ ၇၆၃၁၇၃၅၇၀

Organized by

                       

Supported byNew Link