The Future We Want: 2020 and Beyond

Home / News / The Future We Want: 2020 and Beyond

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့္ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးတွဲကျင်းပသည့် “The Future We Want: 2020 and Beyond” Open Invitation Seminar အား (၁၉-၅-၂၀၁၉) ရက်နေ့ (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် UMFCCI မင်္ဂလာခန်းမ၌ ကျင်းပခဲဲ့ရာ UMFCCI အသင်းချုပ်မှ တာဝန်ရှိသူများ၊ MBE အသင်းမှ အလုပ်အမှုဆောင်များနှင့် အသင်းဝင်များ၊ အစိုးရ ဌာနဆိုင်ရာအရာရှိကြီးများ၊ ဆရာကြီး/ဆရာမကြီးများ၊ မိတ်ဖက် အသင်းအဖွဲ့များ/အဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ ကုမ္ပဏီများ/စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မီဒီယာများနှင့် စိတ်ပါဝင်စားသူ အများပြည်သူပရိသတ် စုစုပေါင်း (၃၅၀) ခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ UMFCCI ဒုတိယဥက္ကဌ Dr. မောင်မောင်လေးမှ ကြိုဆိုု နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ MBE အသင်းဥက္ကဌ ဒေါ်လင်းလင်းတင်ထွန်းမှ ဟောပြောဆွေးနွေးမည့် ပုဂ္ဂိုလ်များအား မိတ်ဆက်ပေးခြင်း၊ ဆရာကြီး Prof. Dr. အောင်ထွန်းသက် (Member, Myanmar Investment Commission, Advisor, UMFCCI, Chairman, UN Global Compact Network Myanmar) မှ Key Note Speaker အဖြစ် လည်းကောင်း၊ ဦးရဲမြင့်မောင် (Chairman, Myanmar Belle Co.,Ltd) ၊ ဒေါ်ဝင်းဝင်းတင့် (CEO, City Mart Holdings) ၊ Dr. ထွန်းသူရသက် (CEO, Myanmar Information Technology) ၊ ဒေါ်စန္ဒာထွန်း (CEO, Shwe Taung Real Estate) တို့မှ Key Discussant များအဖြစ် လည်းကောင်း အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ တက်ရောက်လာကြသူများမှ မေးခွန်းများ မေးမြန်းဆွေးနွေးခြင်း၊ ဟောပြောဆွေးနွေးခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်း အစီအစဉ်များဖြင့် အခမ်းအနားအား စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ Sustainable Development ရှင်သန်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အဓိက ဆွေးနွေးခဲဲ့ကြပါသည်။

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) အနေဖြင့် ဆရာကြီး Prof. Dr. အောင်ထွန်းသက်၏ တာဝန်ပေးအပ်မှုအရ UMFCCI အသင်းချုပ်မှ ဦးဆောင် ကမကထ ပြုလုပ်မည့် Myanmar Business Network for Sustainable Development (MBNSD) ၏ Secretariat လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE)
(၁၉-၅-၂၀၁၉)