Small Steps – Big Impact for your Business Growth

Home / News / Small Steps – Big Impact for your Business Growth

အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ငန်းတိုင်း တာဝန်ယူမှုရှိရှိဖြင့် ရေရှည် ရပ်တည် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့ကောင်းများ ရရှိစေရန် ရည်ရွယ်သော ကနဦး အစီအစဥ် တစ်ခု ဖြစ်သည့် “Small Steps – Big Impact for your Business Growth” အခမ်းအနားကို မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က ၂၀၂၄ ခုနှစ်၊ မေလ (၄) ရက် (စနေနေ့)၊ မွန်းလွဲ (၁း၃၀ -၄:၃၀) နာရီ၊ Chatrium Hotel ရန်ကုန်မြို့တွင် လူဦးရေ (၂၂၀) ကျော်ဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာစီးပွားစီမံအမှု‌ဆောင်များအသင်းဥက္ကဋ္ဌ ဦးမင်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အသင်းနာယက ဆရာကြီး Prof. Dr. အောင်ထွန်းသက်က “Responsible Business Practice for MSME” ခေါင်းစဉ်ဖြင့် Key Note Speech ချီးမြင့် ပြောကြားခြင်း၊ Contribution Partners များကို ဂုဏ်ပြုခြင်း နှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်း၊ Diamond Contribution Partner များက မိတ်ဆက်စကား ပြောကြားခြင်း၊ MBE အသင်း၏ “Responsible Business Development Program” ကို MBE Advisory Board Member ဒေါ်လင်းလင်းတင်ထွန်းက မိတ်ဆက်ရှင်းလင်း တင်ပြခြင်း၊ MBE အသင်း ဘဏ္ဍာရေးမှူး ဦးအဲလက်စ် ညီညီအောင်က Moderator အဖြစ် ဆောင်ရွက်သည့် Panel Discussion” အစီအစဉ်တွင် Concordia International Co., Ltd ၏ CEO ဒေါက်တာသန်းဝင်း၊ City Holding Ltd ၏ Group Corporate Affairs Director ဦးဝင်းမြင့်အောင်၊ New Link Marketing Ltd. ၏ Managing Director ဒေါ်သီတာသန့်၊ Women Transforming Myanmar ၏ CEO & Founder ဒေါ်သီရိအောင် တို့က လက်တွေ့ ဆောင်ရွက်နေကြသည့် Responsible Business အလေ့အထများကို ‌မျှဝေ ဆွေးနွေးခဲ့ကြပြီးနောက် MBE ဒုတိယဥက္ကဋ္ဌ (၂) Dr. မျိုးမင်းက ကျေးဇူးတင်စကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

ယခု ကနဦး အစီအစဥ်၏ နောက်ဆက်တွဲအဖြစ် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ငန်းများအနေဖြင့် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းအလေ့အထများ ပိုမို ကျင့်သုံး လိုက်နာကြပြီး လုပ်ငန်းများရေရှည်ရပ်တည် ဖွံ့ဖြိုးနိုင်စေရေးအတွက် MBE အသင်းက ဆက်လက်ပံ့ပိုး ဆောင်ရွက်‌ပေးမည့် အစီအစဥ်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်အသိပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါး ဖော်ပြအပ်ပါသည်။