Sharing The Dream 2019

Home / News / Sharing The Dream 2019

Sharing The Dream Scholarship Program 2019 Mon State ကို SCG Myanmar ၏ပံ့ပိုးကူညီမှု့ဖြင့် မော်လမြိုင်မြို့၊ မွန်ပြည်နယ်ခန်းမ တွင် စက်တင်ဘာလ ၁ရ ရက်နေ့က ခမ်းနားစွာပြုလုပ်ကျင်းပခဲ့ပါသည်။

မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်မှ န၀မတန်းနှင့် ဒသမတန်း ကျောင်းသား ကျောင်းသူ ၁၅၀ ဦးတို့အပါအဝင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၇ ဦး စုစုပေါင်း ၁၅၇ ဦးတို့ကို ပညာသင်ဆုငွေများနှင့် ကျောင်းသုံးပစ္စည်းများကို တစ်ပါတည်းပေးအပ်ခဲ့ပါသည်။

အလားတူ Sharing The Dream Scholarship 2019 Yangon ကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ UMFCCI , Mingalar Hall တွင်ကျင်းပြုလုပ်ခဲ့ပြီး နဝမတန်းနှင့် ဒသမတန်း ကျောင်းသားကျောင်းသူ ၁၅၀ ဦးအပါအဝင် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၄ ဦး စုစုပေါင်း ၁၅၄ ဦးတို့ကို ပညာသင်ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ယခုနှစ်တွင်ပြုလုပ်ခဲ့သည် SCG Sharing The Dream Scholarship Program သည် မြန်မာနိုင်ငံတွင် အဋ္ဌမအကြိမ်မြောက်ပေးအပ်ချီးမြင့်ခဲ့ခြင်းဖြစ်ပြီး မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) အနေဖြင့် ပထမအကြိမ်မှ စတင်ကာ ယခု အဋ္ဌမအကြိမ်ထိတိုင် SCG Myanmar နှင့်တူ ဂုဏ်ယူစွာဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

#SharingTheDream #2019 #MBE