New Business Leadership Skill in the 21st Century

Home / News / New Business Leadership Skill in the 21st Century
မြန်မာစီးပွား‌စီမံအမှုဆောင်များအသင်း (MBE) အနေဖြင့် အသင်းနာယက ဆရာကြီး Professor Dr. အောင်ထွန်းသက်၏ လမ်းညွှန်ချက်အရ မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ပူးပေါင်း ကျင်းပသည့် “New Business Leadership Skill in the 21st Century” ဟောပြောပွဲ အခမ်းအနားကို (၂၉-၈-၂၀၂၃) ရက် (အင်္ဂါနေ့) ‌မွန်းလွဲ (၂း၀၀) နာရီက UMFCCI ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ Hybrid Model (In Person & Zoom) ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနား၌ UMFCCI ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ Dr. မျိုးသက်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ဥက္ကဋ္ဌ ဦးမင်းဦးက အမှာစကား ပြောကြားခြင်း၊ ဆရာကြီး Professor Dr. အောင်ထွန်းသက်က “New Business Leadership Skills in the 21st Century” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခြင်း၊ In Person & Zoom တက်ရောက်လာကြသူများက မေးခွန်းများ မေးမြန်း‌‌ဆွေးနွေးခြင်း စသည့် အစီအစဉ်များ ပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။
အခမ်းအနားသို့ UMFCCI ကုန်သည်စက်မှုအသင်းချုပ်မှ အလုပ်အမှုဆောင်များ၊ MBE အသင်းမှ အလုပ်အမှုဆောင်များ၊ UMFCCI ညီနောင်အသင်းများမှ အသင်းဝင်များ၊ MBE အသင်းဝင်များ၊ MBE အသင်း၏ မိတ်ဖက် အဖွဲ့အစည်းများ၊ MBE အသင်းက ‌အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သင်တန်းအစီအစဉ်အသီးသီးမှ သင်တန်းသား/သူ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် In person နှင့် Zoom Link တို့ကတဆင့် ပါဝင်တက်ရောက်ခဲ့ကြပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
ဆွေးနွေးချက် powerpoint ရယူရန် –