MSMEs လုပ်ငန်းရှင်များအတွက် MSMEs Loan Product များအကြောင်း ‌မျှဝေ ဆွေးနွေးပွဲ

Home / News / MSMEs လုပ်ငန်းရှင်များအတွက် MSMEs Loan Product များအကြောင်း ‌မျှဝေ ဆွေးနွေးပွဲ

MSMEs လုပ်ငန်းရှင်များအတွက် MSMEs Loan Product များအကြောင်း ‌မျှဝေ ဆွေးနွေးပွဲ တစ်ရပ်ကို 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐌𝐁𝐄) နှင့် MoU မိတ်ဖက် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် 𝐒𝐦𝐚𝐥𝐥 & 𝐌𝐞𝐝𝐢𝐮𝐦 𝐄𝐧𝐭𝐞𝐫𝐩𝐫𝐢𝐬𝐞𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐁𝐚𝐧𝐤 (𝐒𝐌𝐄𝐃 𝐁𝐚𝐧𝐤) တို့က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်က ပြုလုပ်ခဲ့ရာ MBE အသင်း နှင့် SMED Bank တို့မှ တာဝန်ရှိသူများ၊ MBE အသင်းဝင်များ၊ MSMEs လုပ်ငန်းရှင်များ၊ စီးပွား‌ရေးလုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသူများ၊ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် MBE အသင်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ပွဲကျင်းပခြင်း၏ ရည်ရွယ်ချက်များကို မျှဝေခြင်း၊ SMED Bank မှ Executive Business Officer ဦးအောင်ကိုကိုလွင်က MSMEs Loan Product အကြောင်း ဦးဆောင် ဆွေးနွေး မျှဝေခြင်း၊ MSMEs Loan Product နှင့် ဘဏ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ လုပ်ငန်းတိုးချဲ့လိုသော စီးပွားရေးလုပ်ငန်းရှင်များ၊ လုပ်ငန်း တိုးတက်‌ လည်ပတ်အောင် ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် SMED Bank က ရင်းနှီး‌ဖော်ရွေစွာ ပြန်လည် ဖြေကြားခြင်း၊ MBE အသင်းက ကျေးဇူးတင်စကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

Presentation File Link: https://www.canva.com/…/IStOd3ttkw6njPFTU3mgMg/edit…

မိမိတို့ MBE အသင်းအနေဖြင့် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရင်း မြန်မာနိုင်ငံ MSME လုပ်ငန်းများ အကျိုး ဖြစ်ထွန်းစေရေးအလို့ငှာ ယခုကဲ့သို့သော အစီအစဉ်များကို စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဂုဏ်ယူစွာ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။