Meet Bagan SME’s in Yangon

Home / News / Meet Bagan SME’s in Yangon

Local Entrepreneurs Assistance and Development Program တွင်ပါဝင်ခဲ့ကြသော ပုဂံဒေသခံ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များကို စီးပွားရေးအဆက်အသွယ်များပိုမိုရရှိစေရန်နှင့် ၊ ၎င်းတို့၏ လုပ်ငန်းများမှ ထုတ်လုတ်သော ထုတ်ကုန်များကို ခင်းကျင်းပြသရန် ရည်ရွယ်၍ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က Meet Bagan SME’ in Yangon ကို ၂၀၁၈ ခုနှစ် ၊ မေလ၊ ၁၈ ရက်နေ့က ပြည်ထောင်စုသမ္ပတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ် ခဲ့ပြီး ပုဂံဒေသခံ အသေးစားနှင့် အလတ်စားလုပ်ငန်းလုပ်ကိုင်ကြသော လုပ်ငန်းရှင် ၁၂ ဦး၏ ထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ပါသည်။

အဆိုပါ Meet Bagan SME’s in Yangon ပြပွဲတွင် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ဥက္ကဌ ဒေါ်လင်းလင်းတင်ထွန်းမှ နုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဦးရဲမင်းအောင်က ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါသည်။

Meet Bagan SME’s in Yangon သို့တက်ရောက်လာသော အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူများအတွက် စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များနှင့် စီးပွားရေးအကြောင်း ကို ဒေါ်အေးအေးဝင်း ညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီးဌာန၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ဆွေးနွေး ပြောကြားပေးခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို လည်းဖြေကြားပေးခဲ့ပါသည်။

အစီအစဉ်ဒုတိယပိုင်းအနေဖြင့် LEAD Program တွင်ပါဝင်ခဲ့ကြသော လုပ်ငန်းရှင်များပါဝင်သည့် သင်တန်းအတွေ့အကြုံ ရှု့ခင်းစုံ Panel Discussion ကိုလည်းကောင်း၊ LEAD Program သင်တန်းသားများ၏ သင်တန်းဆင်းပြီးနောက် တိုးတက်ပြောင်းလဲမှုများ နှင့် အနာဂတ်ရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ညနေပိုင်းတွင် အခန်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

« of 2 »