MBE Annual General Meeting 2019

Home / News / MBE Annual General Meeting 2019

မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း၏ ဧကဒသမအကြိမ်‌မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အသင်းနာယက အဖွဲ့ဝင် ဆရာကြီးများ၊ ဆရာမကြီးများ နှင့် အထူး ဖိတ်ကြားထားသည့် မိတ်ဖက် အဖွဲ့အစည်း အသီးသီးမှ အထူးဧည့်သည်တော်များ၊ အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းဝင်များ နှင့် ဝန်ထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ‌‌‌ဒေါ်လင်းလင်းတင်ထွန်း မှ ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ဆရာကြီး‌ဒေါက်တာ အောင်ထွန်းသက်မှ အမှာစကား ချီးမြှင့်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဒေါ်မင်းမင်းမဥ္ဇူမှ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း၊ မြန်မာစီးပွားစီမံအမှုဆောင်များအသင်းနှင့် HIDA တို့အကြား နားလည်မှုစာချွှန်လွှာ လက်မှတ် ရေးထိုးခြင်း နှင့် အသင်းနှစ်ခု တို့အကြား နားလည်မှုစာချွန်လွှာရေးထိုးနိုင်ခြင်းအတွက် ဆရာမကြီး‌ဒေါက်တာနုနုယဥ်မှ ၀မ်းမြောက်ဂုဏ်ပြုစကားပြောကြားခြင်း၊ ဘဏ္ဍာရေးမှူး ဒေါ်အေးအေးမူ မှ နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားတင်ပြခြင်း၊ နှစ်ပတ်လည် အစီရင်ခံစာနှင့် သင်းဖွဲ့မှတ်တမ်း နှင့် ငွေစာရင်းရှင်းတမ်းတို့အား အတည်ပြုခြင်း၊ ၂၀၁၇-၂၀၁၉ အလုပ်အမှုဆောင်များ ဟောင်းများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ၂၀၁၉-၂၀၂၁ အလုပ်အမှုဆောင် အသစ်များ နှင့် အသင်း၏ ကော်မတီအသစ်များကို မိတ်ဆက်ပေးခြင်း၊ အသင်း ဥက္ကဋ္ဌ မှ နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခြင်း နှင့် President Award ပေးအပ်ခြင်း၊ တက်ရောက်လာကြသော အသင်းဝင်များ ဧည့်သည်တော်များနှင့် ဝန်ထမ်းများ စုပေါင်း အမှတ်တရ ဓါတ်ပုံ ရိုက်ကူးခြင်း စသည့် အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက် ခမ်းနား အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း

ZawGyi:



အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ‌‌‌ဒေါ်လင်းလင်းတင်ထွန်း မှ ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ဆရာကြီး‌ဒေါက်တာ အောင်ထွန်းသက်မှ အမှာစကား ချီးမြှင့်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဒေါ်မင်းမင်းမဉ္ဇူမှ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း၊ မြန်မာစီးပွားစီမံအမှုဆောင်များအသင်းနှင့် HIDA တို့အကြား နားလည်မှုစာချွှန်လွှာ လက်မှတ် ရေးထိုးခြင်း နှင့် အသင်းနှစ်ခု တို့အကြား နားလည်မှုစာချွန်လွှာရေးထိုးနိုင်ခြင်းအတွက် ဆရာမကြီး‌ဒေါက်တာနုနုယဉ်မှ ၀မ်းမြောက်ဂုဏ်ပြုစကားပြောကြားခြင်း၊ ဘဏ္ဍာရေးမှူး ဒေါ်အေးအေးမူ မှ နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားတင်ပြခြင်း၊ နှစ်ပတ်လည် အစီရင်ခံစာနှင့် သင်းဖွဲ့မှတ်တမ်း နှင့် ငွေစာရင်းရှင်းတမ်းတို့အား အတည်ပြုခြင်း၊ ၂၀၁၇-၂၀၁၉ အလုပ်အမှုဆောင်များ ဟောင်းများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ၂၀၁၉-၂၀၂၁ အလုပ်အမှုဆောင် အသစ်များ နှင့် အသင်း၏ ကော်မတီအသစ်များကို မိတ်ဆက်ပေးခြင်း၊ အသင်း ဥက္ကဋ္ဌ မှ နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခြင်း နှင့် President Award ပေးအပ်ခြင်း၊ တက်ရောက်လာကြသော အသင်းဝင်များ ဧည့်သည်တော်များနှင့် ဝန်ထမ်းများ စုပေါင်း အမှတ်တရ ဓါတ်ပုံ ရိုက်ကူးခြင်း စသည့် အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက် ခမ်းနား အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
