မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) အနေဖြင့် “ငလျင်ဘေးအန္တရာယ် တုန့်ပြန်ကူညီရေး” အစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ MBE အသင်းထံသို့ Alpine Drinking Water Alpine က ပေးပို့လှူဒါန်းသည့် ၀.၆ လီတာ သောက်ရေသန့်ဗူးငယ် ၁ ဒါဇင်ပါ ရေသန့်ကတ် (၂၈၀) ခု နှင့် ၁၀ လီတာပါ သောက်ရေသန့်ဗူး အလုံး (၂၀၀) တို့ကို နေပြည်တော် ပျဉ်းမနားမြို့တွင် လက်ခံရရှိခဲ့ပါသည်။
MBE အသင်း၏ “ငလျင်ဘေးအန္တရာယ် တုန့်ပြန်ကူညီရေး အစီအစဉ်” အစိတ်အပိုင်း တစ်ရပ် အနေဖြင့် အဆိုပါ ရေသန့်ဗူးများကို ငလျင်ဒဏ်သင့် ပျဉ်းမနားမြို့ပေါ် ရပ်ကွက်ကြီးများဖြစ်သည့် ရွှေချီရပ် နှင့် မင်္ဂလာရပ်များရှိ ငလျင်ဘေးသင့် ပြည်သူများထံသို့ မိတ်ဖက် ပျဉ်းမနားဒေသခံအဖွဲ့အစည်းကတဆင့် (၃၁-၃-၂၀၂၅) ရက်နေ့ကစတင်၍ မျှဝေ လှူဒါန်းခဲ့သည့် မှတ်တမ်းများကို မျှဝေ ဖော်ပြအပ်ပါသည်။