LEAD Graduation Ceremony

Home / LEAD / LEAD Graduation Ceremony

ပုဂံနှင့်ဝန်းကျင်ဒေသများမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် Local Entrepreneurs Assistance and Development LEAD Program ကို USAID ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

ယခုအခါ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၏ တက်ကြွစွာပါဝင်ဆောင်ရွက်မှုများဖြင့် LEAD Program ကို အောင်မြင်စွာပြီးမြှောက်စေခဲ့ပြီးဖြစ်ပါသည်။ LEAD Program တွင်ပါဝင်ခဲ့ကြသော သင်တန်းသူသင်တန်းသား များပါဝင်သည့် သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ညောင်ဦးမြို့ The Hotel Umbra Bagan တွင် ၂၀၁၈ ခုနှစ်၊ မေလ၊ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပုဂံညောင်ဦးဒေသမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ၊ ဒေသတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲတွင် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ ဥက္ကဌ ဒေါ်လင်းလင်းတင်ထွန်းမှ ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပြီး မြန်မာစီးပွားစီမံအမှုဆောင်များ အသင်း ၏ အသင်းနာယက ဆရာမကြီး ဒေါက်တာဒေါ်နုနုယဉ် မှလည်း သန်းတင်းဆင်း သြဝါဒစကား ပြောကြားပေးခဲ့ပါသည်။

LEAD Program တွင်ပါဝင်တက်ရောက်ခဲ့ကြသော ဒေသတွင်းအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင် သင်တန်းသူ/သားများသို့ သင်တန်းဆင်းအောင်လက်မှတ်များကို မြန်မာစီးပွားစီမံ အမှုဆောင်များအသင်းဒုတိယဥက္ကဌ ဦးမင်းဦးနှင့် အတွင်းရေးမှူးဒေါ်မင်းမင်းမဉ္ဇူတို့မှ ချီးမြှင့်ပေးခဲ့ပါသည်။

LEAD Program တွင်တက်ရောက်ခဲ့ကြသော သင်တန်းသူသင်တန်းသားများမှု သင်တန်းတွင် ထူးချွန်စွာစွမ်းဆောင်ခဲ့ကြသည့် လုပ်ငန်းအရပ်ရပ်တို့ကို အမှတ်ပေးအကဲဖြတ်ပြီး ထူးချွန်ဆုများ အသီးသီးကိုဆုချီးမြင့်ခဲ့ရာ ကျောင်းတက်မှန်ဆုကို ဒေါ်စုမာဟန် (ရွှေယုန်မင်းဟိုတယ်၊ ညောင်ဦမြို့)မှလည်းကောင်း၊ စီးပွားရေးစီမံကိန်း ထူးချွန်ဆုကို ဒေါ်မြင့်ကြူကြူ (ဟာမိုနီစားသောက်ဆိုင်၊ ညေ ာင်ဦးမြို့မှလည်းကောင်း) ၊ လူမှုရေး ထူးချွန်ဆုကို ဦးတင်ကိုလတ် (ခိုင်ဝါကဖေး၊ ညောင်ဦးမြို့) မှလည်းကောင်း၊ ၊ သင်တန်းသားထူးချွန် ပထမဆုကို ဦးတင်ကိုလတ်မှလည်းကောင်း၊ သင်တန်းသားထူးချွန် ဒုတိယဆိုကို ဒေါ်မြင့်ကြူကြူမှလည်းကောင်း၊ သင်တန်းသားထူးချွန် တတိယဆုကို ဒေါ်ဌေးဌေးလှိုုင် (ရွှေဥသြ နှစ်ကောင် ချည်ထည်လုပ်ငန်း၊ ပခုက္ကူမြို့) မှလည်းကောင်း အသီးသီးရရှိသွားကြပါသည်။

ထိုမှတစ်ဖန် LEAD Program တွင်ပါဝင်သင်ကြားခွင့်ရခဲ့ကြသည့် ဘာသာရပ်ဆိုင်ရာအတွေ့အကြုံများကို ဦမင်းရန်နိုင်မှ ရှင်းလင်းပြောကြားပေးခဲ့ပြီး ၊ LEAD Program ၏ Mentoring အစီအစဉ်မှရရှိသည့် အတွေ့အကြုံများကို မစုမာဟန်မှ ရှင်းလင်းပြောကြားခဲပါသည်။ သင်တန်းသားများ အားလုံးကိုယ်စားကျေးဇူးတင်စကားကို ဒေါ်ဌေးဌေးလှိုင်မှပြောကြားပေးခဲ့ပါသည်။

မြန်မာစီးပွားစီအမံအမှုဆောင်များအသင်း၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဌ ဦးဟန်မြင့်မောင်မှ နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနား အစီအစဉ် ပထမပိုင်းကို အောင်မြင့်စွာပြီးဆုံးခဲ့ပါသည်။

အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအနေဖြင့် သင်တန်းသူသင်တန်းသားများမှ ယိမ်းအကအလှများ၊ အငြိမ့်များဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ညနေပိုင်းတွင် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

« of 2 »