International Women’s Day (၂၀၂၃) အထိမ်းအမှတ်

Home / News / International Women’s Day (၂၀၂၃) အထိမ်းအမှတ်

မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) အနေဖြင့် မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်သည့် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၊ Business and Professional Women Federation Myanmar (BPW Myanmar)၊ Chatrium Hotel Royal Lake Yangon တို့နှင့်ပူးပေါင်း‌ စီစဥ် ကျင်းပပြီး City Mart Holding Co.,Ltd ၊ Dai-ichi Life နှင့် AYA Bank တို့က ပါဝင် ပံ့ပိုးထားသည့် International Women’s Day (၂၀၂၃) အထိမ်းအမှတ် # Embrace Equity “On Her Journey” Panel Discussion နှင့် Dialogue အစီအစဉ်ကို (၈-၃-၂၀၂၃) ရက်နေ့က ရန်ကုန်မြို့၊ Chatrium Hotel ၌ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ယခု အစီအစဥ်တွင် Chatrium Hotel Royal Lake Yangon General Manager ဒေါ်မေမြတ်မွန်ဝင်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်(MYANWEN) Vice-President နှင့် Business and Professional Women Federation Myanmar President Dr. စုလှဟန် နှင့် Myanmar Business Executives Association (MBE) President ဦးမင်းဦးတို့က ကြိုဆို နှုတ်ခွန်းဆက်စကား အသီးသီး ပြောကြားခဲ့ကြပြီး AYA Bank CEO ဦးမြင့်ဇော် မှ အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ MYANWEN နှင့် BPW Myanmar က စီစဉ်သည့် “My MSME Journey” Panel Discussion ကိုလည်းကောင်း၊
MBE အသင်းက စီစဉ်သည့် “Embrace Equity” Panel Discussion ကိုလည်းကောင်း၊ ကျင်းပ ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် BPW Myanmar ၊ MYANWEN နှင့် Rotaract Club of Yangon တို့က စီစဉ်သည့် “Embracing DigitALL Culture” Dialogue ကိုလည်းကောင်း၊ MBE အသင်းက စီစဉ်သည့် “All About Fund” Dialogue ကိုလည်းကောင်း၊ မျှဝေ ဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် MBE အသင်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ESI Program သင်တန်းသူ အမျိုးသမီး လုပ်ငန်းရှင်များ၏ ဆိုင်ခန်းများ၊ MYANWEN Marketplace ဆိုင်ခန်းများ၊ ခင်းကျင်း ပြသ ရောင်းချခဲ့ကြပြီး ပွဲတက်ရောက်ကြသည့် ဧည့်သည်တော်များက စိတ်ဝင်တစား ကြည့်ရှု ဝယ်ယူ အားပေးခဲ့ကြပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။