International Innovation Summit (IIS) 2023″ တက်ရောက်နိုင်ပါရန် နှင့် “International Innovation Awards (IIA) 2023” ဆုများ ပါဝင်လျှောက်ထားနိုင်ပါရန် သတင်းစကားမျှဝေ ဖိတ်ကြားခြင်း

Home / News / International Innovation Summit (IIS) 2023″ တက်ရောက်နိုင်ပါရန် နှင့် “International Innovation Awards (IIA) 2023” ဆုများ ပါဝင်လျှောက်ထားနိုင်ပါရန် သတင်းစကားမျှဝေ ဖိတ်ကြားခြင်း
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ မိတ်ဖက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်သည့် Enterprise Asia က ကြီးမှူး ကျင်းပမည့် “နိုင်ငံတကာ ဆန်းသစ်တီထွင်မှု ထိပ်သီးအစည်းအဝေး ၂၀၂၃ (International Innovation Summit (IIS) 2023)” ကို Sustainable Innovation for Future Enterprises” ခေါင်းစဉ်ဖြင့် ” ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ တွင် ထိုင်ဝမ်ရှိ ထိုင်ပေမြို့၌ ကျင်းပသွားမည် ဖြစ်ပါသည်။
Enterprise Asia သည် အာရှ၏ အစိုးရမဟုတ်သော ထိပ်တန်းအဖွဲ့အစည်းဖြစ်ပြီး အာရှတစ်ဝှမ်းတွင် လုပ်ငန်းပိုင်ရှင်များ၊ တည်ထောင်သူများနှင့် ကုမ္ပဏီများ၏ C-level အဖွဲ့ဝင်များစွာဖြင့် ပါဝင် ဖွဲ့စည်းထားပါသည်။ လွန်ခဲ့သည့် ၁၆ နှစ်အတွင်း Enterprise Asia သည် အာရှတစ်ဝှမ်းရှိ အောင်မြင်သော စွန့်ဦးတီထွင်သူများ၊ စီးပွားရေးခေါင်းဆောင်များ နှင့် ဒေသတွင်း အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် အာရှတစ်ဝှမ်းရှိ စွန့်ဦးတီထွင်မှုများ၊ ရေရှည်တည်တံ့မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို မြှင့်တင်ရန်အတွက် အစိုးရများ၊ NGO များနှင့် အခြားအဖွဲ့အစည်းများနှင့်အတူ တရားမျှတသော အလေ့အကျင့်ကောင်းများနှင့် ပိုမိုကောင်းမွန်သော ဆန်းသစ်တီထွင်မှုတို့ကို အားပေးသည့် စွန့်ဦးတီထွင်မှု နယ်ပယ်၌ တက်ကြွစွာ ဆောင်ရွက်ခဲ့ပါသည်။
ယင်း ထိပ်သီးအစည်းအဝေးသည် မိမိတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းအတွင်း တီထွင်ဆန်းသစ်မှု နှင့် တိုးတက်မှုတို့ကို လမ်းညွှန် ဖော်ဆောင်ပေးနေသော C-level အမှုဆောင်များ၊ စွန့်ဦးတီထွင်သူများနှင့် ဦးစီးဦးရွက်ပြုသူများအတွက် နောက်ဆုံးပေါ် ဆန်းသစ် တီထွင်မှုဆိုင်ရာ ထိုးထွင်းသိမြင်မှုများနှင့် ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ အခွင့်အလမ်းများပါရှိသော ကမ္ဘာ့ပလက်ဖောင်းတစ်ခုဖြစ်သည်။
ယခု ဖိုရမ်အကြောင်း အသေးစိတ်ကို အောက်ပါ လင့်ခ်တွင် တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
နယ်ပယ်ကဏ္ဍ အသီးသီးက ဝါရင့်ပညာရှင်များ၊ ဦးဆောင်သူများ ပါဝင်ဆွေး‌နွေးအတွေ့အကြုံဖလှယ်ကြမည် ဖြစ်ပြီး MBE အသင်းက Supporting Partner အဖွဲ့အစည်းတစ်ခုအဖြစ် ပါဝင်ပံ့ပိုးထားသည့် ယခု “နိုင်ငံတကာ ဆန်းသစ်တီထွင်မှု ထိပ်သီးအစည်းအဝေး ၂၀၂၃” ကို တက်ရောက်ရန် စိတ်ပါဝင်စားသည့် မြန်မာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် တက်ရောက်ပါဝင် ဆင်နွှဲနိုင်ပါကြောင်း သတင်းစကား မျှဝေ ဖိတ်ကြားလိုက်ရပါသည်။
“International Innovation Awards (IIA) 2023 ဆုများ ပါဝင်လျှောက်ထားနိုင်ပါရန် ဖိတ်ခေါ်ခြင်း”
Enterprise Asia က ကြီးမှူး ကျင်းပ ချီးမြှင့်မည့် နိုင်ငံတကာအဆင့် ဆန်းသစ်တီထွင်မှုဆုများ International Innovation Awards (IIA) 2023 ဆုအတွက် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါး အပ်ပါသည်။
အဖွဲ့အစည်းများအနေဖြင့် Product ၊ Service ၊ Solution ၊ Organization နှင့် Culture ကဏ္ဍများတွင် ဆန်းသစ်တီထွင်မှုများကို ဆက်လက် ရင်းနှီးမြှုပ်နှံ ဖော်ဆောင်ရန် အားပေးသည့် ရည်ရွယ်ချက်ဖြင့် စီးပွား‌ရေးနယ်ပယ်က ဦးဆောင်သူများ နှင့် စီးပွားရေးလုပ်ငန်းများကို ဂုဏ်သိက္ခာမြင့်မားသည့် IIA ၏ ဆုများ ရွေးချယ်ပေးအပ်ခြင်း ဖြစ်ပါသည်။
International Innovation Awards (IIA) 2023 ဆုရရှိသူများသည် –
• ဆုချီးမြှင့်ရရှိသည့်နေ့မှစ၍ (၂) နှစ်တာ ကာလအတွင်း ဆုတံဆိပ်လိုဂိုအား အသုံးပြုခွင့်
• ဆုရရှိသူများ၏ အကြောင်းအား အီလက်ထရောနစ် စာစောင် “The Cube” နှင့် www.innovationaward.org ဝက်ဆိုက်ဒ်များတွင် ‌ဂုဏ်ပြုရေးသား‌ဖော်ပြခြင်း
• ကမ္ဘာတစ်ဝှမ်းမှ ပရိတ်သတ်များ တက်ရောက် ချီးမြှင့်သည့် တရားဝင် IIA ဆုပေးပွဲ အခမ်းအနားတွင် ဆုရရှိကြသည့် ဆန်းသစ်တီထွင်မှုများ၏ highlight ဗီဒီယိုအား ပြသပေးခြင်း
• ကမ္ဘာတစ်ဝှမ်းရှိ သတင်းထုတ်ဝေမှု ၃၀၀ ကျော်သို့ ပေးပို့ထားသော သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြပေးခြင်း
• ဆန်းသစ်တီထွင်မှုထိပ်သီးအစည်းအဝေး (IIS) မှတဆင့် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှု ခေတ်ရေစီးကြောင်းများ၊ စိန်ခေါ်မှုများ ကို သိရှိလေ့လာနိုင်ခြင်း
• (၂) နှစ်သက်တမ်းရှိ InnoMark® အသိအမှတ်ပြု လက်မှတ် လျှောက်ထားခွင့်ရှိခြင်း စသော အကျိုးကျေးဇူးများနှင့် အထူးအခွင့်အရေးများကို ရရှိပါမည် ဖြစ်ပါသည်။
ဆုလျှောက်လွှာ တင်သွင်းရမည့်နောက်ဆုံးရက်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့ ဖြစ်ပါသည်။
လျှောက်လွှာ လျှောက်ထားရန် အသေးစိတ်ကို https://www.innovationaward.org တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။
IIA ဆုများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ ထိုင်ဝမ်ရှိ ထိုင်ပေမြို့တွင် “Sustainable Innovation for Future Enterprises” ခေါင်းစဉ်ဖြင့် ကျင်းပမည့် နိုင်ငံတကာ ဆန်းသစ်တီထွင်မှု ထိပ်သီးအစည်းအဝေး ၂၀၂၃ (International Innovation Summit (IIS) 2023) အပြီး တဆက်တည်း ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါး တိုက်တွန်း နှိုးဆာ်လိုက်ရပါသည်။