Insurance Knowledge Sharing Online Webinar

Home / News / Insurance Knowledge Sharing Online Webinar

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က “Insurance Knowledge Sharing” Online Webinar ကို (2024) ခုနှစ်၊ ဖေဖော်ဝါရီလ 24 ရက် (စနေနေ့) နံနက် (10:00) နာရီ၌ Virtual Online Zoom Platform ကတဆင့် စီစဉ်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
Webinar ၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် အာမခံ အသိပညာ ပေးရန် ဖြစ်ပြီး အာမခံ စျေးကွက် ဆိုင်ရာ အချက်အလက် များ၊ အာမခံလုပ်ငန်း လည်ပတ်ပုံ၊ ဥပဒေကဲ့သို့ တိကျစွာ လိုက်နာရမည့် အခြေခံမူများကို နားလည် နိုင်စေရန် နှင့် အာမခံ ပညာရှင်များနှင့် ပြင်ပ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို သိရှိနိုင်စေရန် ရှင်းလင်း ပြောကြားမည် ဖြစ်ပြီး အာမခံလုပ်ငန်း၏ လက်ရှိအခြေအနေနှင့် စိန်ခေါ်မှုများကို တက်ရောက်လာသူများကလည်း ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။
ဒေါ်လှလှမွန် (F.M.I.I) သည် KBZMS General Insurance နှင့် KBZ Life Insurance ကမ္ဘောဇအသက်အာမခံတွင် နည်းပညာအကြံပေးဖြစ်ပြီး ဤ webinar ကို ပြောကြားပေးသူ ဖြစ်ပါသည်။ ထို့အပြင် Malaysian Insurance Institute ၏ Insurance professional certification exams အာမခံလုပ်ငန်းကျွမ်းကျင်အောင်လက်မှတ်စာမေးပွဲများအတွက် အထူးအားဖြင့် မြန်မာဘာသာစကားသို့ ဘာသာပြန်ဆိုသင်ပြပေးခြင်းဖြင့် ပညာဒါနပြုနေသူဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က စီစဉ်ကျင်းပသည့် “Insurance Knowledge Sharing” Online Webinar ကို အာမခံနှင့် ပတ်သက်၍ စိတ်ပါဝင်စားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ MBE အသင်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သင်တန်းအစီအစဉ်အသီးသီးက လုပ်ငန်းရှင်များ တက်ရောက်နိုင်ပါရန် သတင်းကောင်းပါး ဖိတ်ကြားအပ်ပါသည်။
(24 Feb 2024) 10:00 AM Online Zoom