အားလုံး မင်္ဂလာပါ ခင်ဗျာ
နှစ်စဉ် November လတွင် ကျင်းပပြုလုပ်လျက်ရှိသော GEW (Global Entrepreneurship Week) Myanmar ပြန်လည်ရောက်ရှိလို့လာပါပြီ ခင်ဗျာ
ယခုနှစ် GEW 2025 အတွက် ကျွန်တော်တို့ Myanmar Business Executives Association အသင်းက အထိမ်းအမှတ်အဖြစ် စီစဉ်ပြုလုပ်သည့်
“Together We Build: How Humans + AI Are Redesigning Entrepreneurship” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲလေးကို
ကျွန်တော်တို့ SBD Committee ရဲ့ Co-chairperson, Dr. Kyaw Phyo Linn က Online ဟောပြောဆွေးနွေးသွားမည် ဖြစ်ပါသောကြောင့် AI ကိုစိတ်ပါဝင်စားသူများ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
- စီးပွါးရေးနယ်ပယ်ကို ခေတ်မီ Humans + AI နည်းပညာတွေအကူအညီနဲ့ ပိုမိုတိုးတက်အောင် ဒီဇိုင်းရေးဆွဲဆောင်ရွက်ကြမယ်
- AI ကို ခြိမ်းခြောက်မှုလို့ မြင်နေသေးလား? (သို့) ကြိုဆိုမလား?
ဒီဆွေးနွေးပွဲမှာ သင်သိရှိရမယ့် အချက် (၃) ချက်
- AI ကို အသုံးချပြီး လုပ်ငန်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ?
- လူသားတွေရဲ့ အားသာချက်ဖြစ်တဲ့ ဆန်းသစ်တီထွင်မှု၊ စီမံခန့်ခွဲမှုစွမ်းရည်တွေကို ဘယ်လိုမြှင့်တင်မလဲ?
- AI ခေတ်မှာ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူဖြစ်ဖို့ ဘယ်လိုပြင်ဆင်မလဲ?
အထက်ပါအကြောင်းအရာများ ဗဟုသုတမျှဝေမည့် ပွဲလေးဖြစ်ပါတယ် ခင်ဗျာ
“Together We Build: How Humans + AI Are Redesigning Entrepreneurship”
Speaker – Dr. Kyaw Phyo Linn (MBE)
Meeting ID: 838 1551 4818
Passcode: gew
ဆက်သွယ်ရန်:
MBE – [email protected], +95 4200 699 02

