GEW 2019 Yenangyaung

Home / News / GEW 2019 Yenangyaung

မြန်မာစီးပွားစီမံအမှုဆောင်များအသင်းသည် Global Entrepreneurship Week လှုပ်ရှားမှုအဖြစ် မကွေးတိုင်း ရေနံချောင်း မြို့တွင် ၂၀၁၉ နိုဝင်ဘာလ ၂၁ရက်နေ့တွင် တစ်နိုင်တစ်ပိုင်မှသည် ရေရှည်ဖွံဖြိုးသော စီးပွားရေးလုပ်ငန်းများဆီသို့ ခေါင်းစဉ်ဖြင့် Expert Talk တစ်ခုအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားမှူးများအဖြစ် မြန်မာစီးပွားစီမံအမှုဆောင်များအသင်းမှ ဒေါ်မွန်မွန်မြင့် နှင့် ဒေါ်နန်းမျိုးမြင့်မေ တို့က ဆောင်ရွက်ကြပါသည်။ မွန်းလွဲ ၁နာရီခွဲ အချိန်တွင် အခန်းအနားကို ဒုဥက္ကဋ္ဌ ဒေါ်သီတာသန့်မှ ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ရေနံချောင်းမြို့ခံလုပ်ငန်းရှင်တစ်ဦး ဖြစ်သော United Gamma NDT and Engineering Co. Ltd မှ ဦးထိန်လင်းဦးမှ ကြိုဆိုနုတ်ခွန်းဆက်စကားပြေကြားခြင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင် မှ အဖွင့်အမှာစကားပြောကြားခြင်း တို့ဖြင့် စတင်ခဲ့ပါသည်။ ထို့နောက် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၏ Strategic Business Development Committee chairperson ဦးဇော်လင်းဦး က စက်ရုံအလုပ်ရုံများ တိုးတက်ရန် အခြေခံလိုအပ်ချက်များ (Fundamentals of Industrial Improvement) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၏ အသင်းသား ဒေါ်ခင်မိုးဆမ်းမှ သိမှတ်ဖွယ်ရာ HR နှင့် အလုပ်သမားဥပဒေ အဖြာဖြာ (Things to know about HRM and Labour Laws )ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၏ အသင်းသား ဒေါ်မြမြလွင်မှ စီးပွားရေးအတွက် အရေးပါသော သတင်းအချက်အလက်နှင့် နည်းပညာ (ICT for Business) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၏ Public Relations Committee chairperson ဦးကောင်းငြိမ်းစိုးမှ လင်းယုန်တို့၏ အမူအကျင့်နှင့် စီးပွားရေး အတွေးအခေါ်များ (The Seven Principle of Eagles) ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။

၄င်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်းကိုဟောမှ ဆွေးနွေးပေးသော ခေါင်းစဥ်များနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားကာ ဆွေးနွေးပေးသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ တက်ရောက်လာသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခန်းအနား အစီအစဥ်ကို ညနေ ၅နာရီတွင် ရုတ်သိမ်းခဲ့ပါသည်
မြန်မာစီးပွားစီမံအမှုဆောင်များအသင်းအနေဖြင့် ပူးပေါင်းပါဝင်ကူညီကြပါသော United Gamma NDT and Engineering Co. Ltd မှ ဦးထိန်လင်းဦး၊ ရေနံချောင်းမြို့မှ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမန်းကိုဟောနှင့်တစ်ကွ တက်ရောက်လာသူများအား အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင် အပ်ပါသည်