ESI Program (Hpa-an) သင်တန်း စတင်ဖွင့်လှစ်ခြင်း (Orientation Ceremony)

Home / News / ESI Program (Hpa-an) သင်တန်း စတင်ဖွင့်လှစ်ခြင်း (Orientation Ceremony)

“ပိုမိုအောင်မြင် အမျိုးသမီးလုပ်ငန်းရှင်” ပံ့ပိုးကူညီမှုအစီအစဉ်၏ စတုတ္ထမြောက် (နောက်ဆုံး) ဖြစ်သည့် ESI Program (Hpa-an) သင်တန်း စတင်ဖွင့်လှစ်ခြင်း (Orientation Ceremony) ကို (၂၀၂၂) ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ဘားအံမြို့၌ ပြုလုပ်ခဲ့ပြီး မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများ၊ အတည်ပြု ရွေးချယ်ခြင်းခံသည့် ESI Program (Hpa-an) သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ ယခုအစီအစဉ် “Entrepreneurship Support Initiative Program (Women Led)” ကို ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လုပ်ငန်းလုပ်သက် အနည်းဆုံး (၁) နှစ် ရှိသည့် အငယ်စား/အသေးစား စီးပွားရေးလုပ်ငန်း ဦးဆောင်သူ အသက် (၂၁) နှစ်နှင့် အထက် အမျိုးသမီး လုပ်ငန်းရှင်များအတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အစီအစဉ်ကာလကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ ရန်ကုန်၊ တောင်ကြီး၊ မော်လမြိုင်၊ ဘားအံ၊ စုစုပေါင်း မြို့ကြီး (၄) မြို့မှာ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ESI Program (Yangon) သင်တန်းကို (၁၇-၁၁-၂၀၂၂) ရက်နေ့က လည်းကောင်း၊ ESI Program (Taunggyi) သင်တန်းကို (၂၆-၁၁-၂၀၂၂) ရက်နေ့က လည်းကောင်း၊ ESI Program (Mawlamyaing) သင်တန်းကို (၁၀-၁၂-၂၀၂၂) ရက်နေ့က လည်းကောင်း၊ အသီးသီး ဖွင့်လှစ်ခဲ့ပြီး ယခု နောက်ဆုံး ဖြစ်သည့် ESI Program (Hpa-an) သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

#esibymbe (Hpa-an) ၁၂-၁၂-၂၀၂၂