Annual General Meeting (2017)

Home / News / Annual General Meeting (2017)

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၏ (၂၀၁၆-၂၀၁၇) နှစ်ပတ်လည် အထွေထွေအစည်းအဝေး အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ တွင် ရန်ကုန်မြို့ LOTTE Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကြိုဆိုနုတ်ခွန်းဆက် အမှာစကားကို အသင်း၏ ဥက္ကဌ ဦးမြင်မောင်ထွန်းမှ ပြောကြားခဲ့ပြီး အသင်းသူ အသင်းသားများ အတွက် အမှာစကားကို ဆရာကြီး ဒေါက်တာအောင်ထွန်းသက်မှ ပြောကြားပေးခဲ့ပါသည်။

၎င်းအပြင် အသင်း၏ နှစ်ပတ်လည်အစီအရင်ခံစာကို အထွေထွေအတွင်းရေးမှူး ဒေါ်မင်းမင်းမဉ္ဇူမှ ဖတ်ကြားတင်ပြခဲ့ပါသည်။

ယခင်နှစ်ကဲ့သို့ အသင်း၏လုပ်ငန်းကော်မတီများမှ Panel Discussion ပြုလုပ်၍ ကော်မတီ အသီးသီးအလိုက် တစ်နှစ်တာလုပ်ဆောင်ခဲ့ရသည့် လုပ်ငန်းတာဝန်များ၊ နောင်တွင် ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ နှင့် လက်ရှိအချိန်တွင်ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများ စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍအသီးသီး အလိုက်ဆွေးနွေးတင်ပြမှု များပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးရာတွင်ဦးကောင်းငြိမ်းစိုး(အလုပ်အမှုဆောင်ကော်မတီဝင်) မှ Moderator အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ကော်မတီများအနေဖြင့် ဦးဟန်မြင့်မောင် (ဥက္ကဌ၊ ပညာရေးကော်မတီ) မှလည်းကောင်း၊ ဦးစိုးထွဋ် (ဥက္ကဌ၊လူမှုစွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ) မှလည်းကောင်း၊ ဒေါ်အေးအေးမူ (ဥက္ကဌ ၊ လူမှုစီးပွားကော်မတီ) မှလည်းကောင်း၊ ဦးအောင်ကျော်မိုး (ဥက္ကဌ၊ လူမှု့တာဝန်ယူသောစီးပွားရေးုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး) ကော်မတီမှလည်းကောင်း အသီးသီးပါဝင် ဆွေးနွေးခဲ့ကြပါသည်။

အသင်း၏ ဘဏ္ဍာရေး စာရင်းရှင်းတမ်းကို ဘဏ္ဍာရေးမှူး ဦးမင်းဦးမှ ဖတ်ကြားတင်ပြခဲ့ပါသည်။

ယခုနှစ်တွင် နောင်လာမည့် (၂၀၁၇-၂၀၁၉) ကာလအတွက်တာဝန်ထမ်းဆောင်ရန် အလုပ်အမှုဆောင် အသစ် ၃၁ ဦးအား အသင်းသားများမှမဲပေးရွေးချယ်ထားခဲ့ရာ ၎င်းအလုပ်အမှုဆောင် အသစ် ၃၁ ဦး၏ နာမည်များ ကို ဦးကောင်းငြိမ်းစိုး မှ အသင်းသားများသို့ကြေငြာ မိတ်ဆက်ပေးခဲ့ပါသည်။

အဆိုပါ အမှုဆောင်အသစ် ၃၁ ဦးမှ ဒေါ်လင်းလင်းတင်ထွန်း ( President)၊ ဒေါ်သီတာသန့် (Vice President-1 )၊ ဦးမင်းဦး (Vice President-2)၊ ဒေါ်မင်းမင်းမဉ္ဇူ (General Secretary)၊ ဒေါ်ခင်မိုးဆမ်း (Joint Secretary-1) ၊ ဒေါ်သူဇာချယ် (Joint Secretary-2)၊ ဒေါ်အေးအေးမူ (Treasurer)၊ ဒေါ်ခင်ချိုသင်း (Auditor)၊ ဦးဇော်မင်းသန့် (Associate Treasurer)၊ ဒေါ်ယုယုမြင့် (Associate Auditor) နှင့် ဦးကောင်းငြိမ်းစိုး ( Public Relation Officer) အဖြစ်တာဝန်ထမ်းဆောင်နိုင်ရန်ရွေးချယ်ထားခဲ့ပြီး အခြား အမှုဆောင်များကို လည်းသက်ဆိုင်ရာ ကော်မတီအသီးသီးတွင် တာဝန်ထမ်းဆောင်နိုင်ရန် ရွေးချယ်သွား မည်ဖြစ်ပါသည်။

(၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်မှစတင်၍ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း ဥက္ကဌ ဦးမြင်မောင်ထွန်း ၏ အထူးအစီအစဉ်တစ်ရပ်ဖြစ်သည့် President’s Award ပေးအပ်ခြင်းအစီအစဉ် ကိုစတင်ခဲ့ရာ (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေး နှစ်အတွက် President’s Award ကို အသင်း၏ တွဲဖက်အတွင်းရေးမှူး-၂ ဒေါ်ခင်မိုးဆမ်းမှ လည်းကောင်း ၊ လူမှုစွမ်းဆောင်ရည်ဖွံ့ံဖြိုး တိုးတက်ရေး ကော်မတီ၏ ကော်မတီအတွင်းရေးမှူး ဒေါ်သိန်းသန်းမင်းမှလည်းကောင်း အသီးသီးဆွတ်ခူး ရရှိခဲ့ပါသည်။

၂၀၁၁ ခုနှစ်မှစတင်၍ ၂၀၁၇ ခုနှစ်ထိ အသင်း၏ ဥက္ကဌတာဝန်ကို ၆ နှစ်တိုင် စွမ်းစွမ်းတမံ တာဝန်ထမ်းရွက်ပေးခဲ့သော အသင်း၏ဥက္ကဌ ဖြစ်သူ ဦးမြင်မောင်ထွန်း အားဂုဏ်ပြုသော အားဖြင့် အသင်း၏ဥက္ကဌအသစ်ဖြစ်သူ ဒေါ်လင်းလင်းတင်ထွန်းမှ အမှတ်တရ လက်ဆောင်နှင့် ဂုဏ်ပြုတံဆိပ်ကို ပေးအပ်ပေးခဲ့ပါသည်။

၎င်းအပြင် အလုပ်အမှုဆောင်အဖွဲ့ အသစ်တစ်ရပ် ရွေးချယ်ပြီးသည့်အခါတိုင်း အလုပ်အမှုဆောင်အဖွဲ့ နှင့် ဥက္ကဋ္ဌ အသစ်သည် အလုပ်အမှုဆောင်သက်တမ်းတွင် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌကို ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် တစ်နှစ် တာဝန်ထမ်းဆောင်ရန်ကမ်းလှမ်းနိုင်သည် ဟု အသင်း၏ AOA တွင်ဖော်ပြထားသည့်အတိုင်း အသင်း၏ ဥက္ကဌသစ် ဒေါ်လင်းလင်းတင်ထွန်းမှ ယခင်အလုပ်အမှုဆောင်၏ ဥက္ကဌဖြစ်သူ ဦးမြင်မောင်ထွန်းအား ဂုဏ်ထူးဆောင်ဥက္ကဌ အဖြစ်တစ်နှစ်တာဝန်ထမ်းဆောင်ပေးရန် ကမ်းလှမ်းခဲ့ရာ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါသည်။

နောက်ဆုံးအစီအစဉ်အနေဖြင့် ကျေးဇူးတင်နှုတ်ခွန်းဆက် စကားကို ဒေါ်လင်းလင်းတင်ထွန်း မှ ပြောကြားပေးခဲ့ပြီး (၂၀၁၆-၂၀၁၇) ခုနှစ် အသင်း၏နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်လာကြသော ဧည့်သည်တော်များ နှင့် အသင်းသားများကို LOTTE Hotel, La Seine Restaurant တွင် ညစာဖြင့်တည်ခင်းဧည့်ခံပြီး အစည်းအဝေးကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

« of 2 »