𝐈𝐓𝐄𝐂 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 တက်ရောက်မည့် MBE အသင်းဝင်(၂)ဦးကို ဂုဏ်ပြုပို့ဆောင်ခြင်း

Home / News / 𝐈𝐓𝐄𝐂 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 တက်ရောက်မည့် MBE အသင်းဝင်(၂)ဦးကို ဂုဏ်ပြုပို့ဆောင်ခြင်း
𝐅𝐮𝐥𝐥𝐲 𝐒𝐩𝐨𝐧𝐬𝐨𝐫𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 ဖြစ်သည့် 𝐈𝐧𝐝𝐢𝐚𝐧 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐚𝐧𝐝 𝐄𝐜𝐨𝐧𝐨𝐦𝐢𝐜 𝐂𝐨𝐨𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧 (𝐈𝐓𝐄𝐂) 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 ကို အိန္ဒိယနိုင်ငံအစိုးရက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည့် နိုင်ငံတကာ အသိပညာ၊ အတွေ့အကြုံ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ရည်ရွယ်၍ မိမိ အသင်းဝင်များ လျှောက်ထားနိုင်ရေး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ မှစတင်၍ ပံ့ပိုးပေးလျက် ရှိပါသည်။
ITEC Programme သင်တန်း တက်ရောက်ရန် ရွေးချယ်ခံရသည့် ပထမအသုတ် MBE အသင်းဝင်များ ဖြစ်ကြသော ဦးတင်ထွန်းဦး (MBE အသင်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး – ၄) နှင့် ဒေါ်ထွဋ်သီရိဝင်း (MBE အသင်း၊ Business Capacity Development Committee အတွင်းရေးမှူး – ၃) တို့က သင်တန်း ခရီးစဉ် ထွက်ခွာမှု အသီးသီး ပြုလုပ်ခဲ့ကြရာ MBE အသင်းဥက္ကဋ္ဌ နှင့် အသင်း စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ Focal Committee ဖြစ်သည့် MBE Responsible Business & Sustainability Committee ကော်မတီဝင်များ အပါအဝင် MBE အသင်း အလုပ်အမှုဆောင်များက ယနေ့ (၂.၈.၂၀၂၆) ရက်နေ့ ၊ နံနက်ပိုင်း နှင့် ညနေပိုင်း တို့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အသီးသီး ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။
ယခု သင်တန်းများသည် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သတ်မှတ် အချိန်ဇယား အသီးသီးဖြင့် အိန္ဒိယနိုင်ငံ၊ မြို့ကြီးများတွင် ဖွင့်လှစ် သင်ကြားနေခြင်း ဖြစ်ပြီး Training Fees ၊ Air Fare ၊ Accomodation နှင့် Living Allowance များအပါအဝင် ကုန်ကျစရိတ်များကို အပြည့်အဝ ထောက်ပံ့ပေးသည့် ရက်သတ္တပတ် (၂) ပတ်ကြာ နိုင်ငံတကာအဆင့်မီ သင်တန်းအစီအစဉ်များ ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပါဝင်တက်‌ရောက်ခွင့် ရရှိကြသည့် နိုင်ငံတကာ သင်တန်းသူ/သား များအ‌နေဖြင့် အသိပညာ၊ ကျွမ်းကျင်မှု၊ ခေါင်းဆောင်မှု စွမ်းရည် နှင့် Global Networking အခွင့်အလမ်းများကို မြှင့်တင်ရရှိနိုင်မည် ဖြစ်ရာ MBE အသင်းဝင်များ ပါဝင် လျှောက်ထား စိစစ် ရွေးချယ်ခံ တက်ရောက်ခွင့် ရရှိရေးအလို့ငှာ MBE အသင်းအ‌နေဖြင့်လည်း ဆက်လက် ပံ့ပိုး အားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ITEC Programme သင်တန်း အစီအစဉ်များ၌ မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍမှ သင်တန်းသူ/သား MBE အသင်းဝင်များက ‌စိစစ်‌ ရွေးချယ်မှု လုပ်ငန်းစဥ်အသီးသီးကို ကျော်ဖြတ် ပါဝင်ခွင့် ရရှိခြင်းနှင့်အတူ မိမိ အသင်းဝင်များကို ထောက်ခံ ပံ့ပိုးခွင့် ရရှိခြင်းအတွက် MBE အသင်းအနေဖြင့် များစွာ ဂုဏ်ယူ ဝမ်းမြောက်ရပါကြောင်းနှင့် ဤသင်တန်း အစီအ‌စဉ်များတွင် MBE အသင်း နှင့် MBE အသင်းဝင်များ ပါဝင်ခွင့်ရရှိရေးအတွက် ဖိတ်‌ခေါ် ချိတ်ဆက် ပံ့ပိုးလျက်ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ ကိုလည်းကောင်း၊ MBE အသင်းဝင် သင်တန်းသူ/သား များကို စိစစ် ခွင့်ပြုပေးလျက်ရှိသည့် အိန္ဒိယနိုင်ငံအစိုးရ ၊ ITEC Programme မှ တာဝန်ရှိသူများ ကိုလည်းကောင်း၊ အထူး လှိုက်လှဲ နွေးထွေးစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။