“အသက်မွေး ဝမ်းကျောင်းပညာ ပန်းရံ အုတ်စီ အခြေခံ သင်တန်း အပတ်စဉ် (၂)” အောင်မြင်စွာ ပြီးမြောက်ခြင်း နှင့်အတူ သင်တန်းသား/သူ (၂၀) ဦးထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်းကို မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က (၂၀၂၅) ခုနှစ်၊ စက်တင်ဘာလ (၇) ရက် ညနေပိုင်း၌ ဆောင်ရွက်ခဲ့ပါသည်။
ယခု သင်တန်း အစီအစဥ်များကို MBE အသင်း၏ Earthquake Assistance Program တစ်ရပ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ၌ သင်တန်း အပတ်စဥ် တစ်ခုလျှင် လူဦးရေ (၂၀) ဦးနှုန်းဖြင့် ငလျင်ဒဏ်သင့် အိမ်ရာနေ – အသက် (၁၈) နှစ်မှ (၅၀) နှစ်အတွင်းရှိ ကျား/မ မရွေး၊ လူမျိုးဘာသာမရွေး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အမှန်တကယ် ဝင်ရောက်မည့် သင်တန်းသား/ သူ များကို THS (Mdy) နှင့် NSSA Assessor သင်တန်း ဆရာ/ဆရာမ များက စာတွေ့/ လက်တွေ့ သင်ကြား ပြသ ပေးခြင်းဖြစ်ပြီး “အသက်မွေး ဝမ်းကျောင်းပညာ လက်သမား ပုံဆင်ပုံရိုက် အခြေခံ သင်တန်း” ကိုလည်း ဆက်လက် ဖွင့်လှစ်လျက် ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

















