မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) နှင့် Device Business University (DBU) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးပွဲ အခမ်းအနား

Home / News / မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) နှင့် Device Business University (DBU) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးပွဲ အခမ်းအနား

မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) နှင့် Device Business University (DBU) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးပွဲ အခမ်းအနားကို ယနေ့ (၂၄-၁-၂၀၂၄) ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ DBU Campus ၌ ကျင်းပခဲ့ရာ မြန်မာစီးပွားစီမံ အမှုဆောင်များ အသင်း (MBE) အသင်း နာယက နှင့် Device Business University (DBU) ၏ Chairman of Board of Trustees ဖြစ်သူ ဆရာကြီး Prof. Dr. အောင်ထွန်းသက်၊ MBE အသင်း အကြံပေး အဖွဲ့ဝင်များ နှင့် အလုပ်အမှုဆောင်များ၊ Device Business University (DBU) ၏ Chairman ၊ Program Director နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ Device Business University (DBU) Chairman ဦးတင်ဇံ‌‌ကျော်က Device Business University (DBU) အကြောင်း ရှင်းလင်းတင်ပြပြီး ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ဥက္ကဋ္ဌ ဦးမင်းဦးက MBE အသင်းအကြောင်း နှင့် MoU ရေးထိုးရခြင်းအကြောင်း ရှင်းလင်း တင်ပြခြင်း၊ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) နှင့် Device Business University တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်း၊ အပြန်အလှန် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။