မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) ၏ (၁၄) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး

Home / News / မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) ၏ (၁၄) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး

မြန်မာနိုင်ငံသား MBA ဘွဲ့ရများဖြင့် တည်ထောင်ထားသည့် မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) ၏ (၁၄) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို (၂၀၂၂) ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ မွန်းလွဲပိုင်း၌ ရန်ကုန်မြို့ MICT Park (Conference Hall) တွင် ကျင်းပခဲ့ပြီး အသင်းနာယကများ၊ မိတ်ဖက် အသင်းအဖွဲ့များ / အဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အသင်းအလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ အသင်းရုံးအဖွဲ့ ဝန်ထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။

အသင်းဥက္ကဋ္ဌ ဦးမင်းဦးက အဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အသင်းနာယကများ ဖြစ်ကြသည့် Prof. Dr. အောင်ထွန်းသက်နှင့် ဆရာကြီး ဦးသိန်းဦးတို့က ဩဝါဒ အမှာစကား ပြောကြားခြင်း၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌထံက ပေးပို့သော ဂုဏ်ပြုဆုတောင်းလွှာကို ဖတ်ကြားခြင်း၊ အထွေထွေအတွင်းရေးမှူး ဒေါ်မင်းမင်းမဉ္ဇူက နှစ်ပတ်လည်အစီရင်စာကို ဖတ်ကြားတင်ပြခြင်း၊ ဘဏ္ဍာရေးမှူး ဒေါ်သက်ထားစုက စာရင်းစစ်အဖွဲ့က အတည်ပြုထားသော (၂၀၂၁-၂၀၂၂) ခုနှစ် ဘဏ္ဍာရေးငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခြင်း၊ ပြင်ပစာရင်းစစ် ဒေါ်မေသူလှိုင်က စာရင်းစစ်ဆေးတွေ့ရှိချက် အခြေအနေအား တင်ပြခြင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဒေါ်ဝင်းကလျာဦးက သင်းဖွဲ့မှတ်တမ်း/ သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ချက်ကို တင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် နှစ်ပတ်လည် အစီရင်ခံစာ၊ ဘဏ္ဍာရေး ငွေစာရင်းရှင်းတမ်းနှင့် သင်းဖွဲ့မှတ်တမ်း/ သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ချက်တို့ကို အသင်းဝင်များက စုံညီစွာ အတည်ပြုခဲ့ကြပါသည်။

ဆက်လက်၍ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) နှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) အကြား နားလည်မှုစာချွန်လွှာ ရေးထိုးခြင်း၊ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) အကြား နားလည်မှုစာချွန်လွှာ ရေးထိုးခြင်း၊ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဒေါ်လင်းလင်းတင်ထွန်းကို ဂုဏ်ပြုခြင်း၊ အသင်းဥက္ကဋ္ဌက ပေးအပ်သည့် တစ်နှစ်တာ အသင်းဝင်ထူးချွှန်မှု ချီးမြှင့်ခြင်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးဇော်မင်းသန့်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခြင်း၊ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်း အစီအစဉ်များ ပါဝင်ကျင်းပခဲ့ပါသည်။

ထို့နောက် အစည်းအဝေး ဒုတိယပိုင်းအနေဖြင့် အသင်းကော်မတီများကို ရှင်းလင်းမိတ်ဆက်ခြင်းနှင့် အသင်းဝင် အထူးအစီအစဉ်များ ဆောင်ရွက်ခြင်းတို့ဖြင့် အသင်းဝင်များ စုံညီစွာ ကျင်းပပြီးစီးခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း