မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် ပထမပုဂ္ဂလိကဘဏ် (First Private Bank – FPB) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်းကို ယနေ့ (၁၉.၂.၂၀၂၆) ရက်နေ့၊ ရန်ကုန််မြို့တွင် ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ MBE အသင်း ဥက္ကဋ္ဌ ဦးမင်းဦး ဦးဆောင်သည့် MBE အသင်း စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ Collaboration & Strategic Partnership Committee (MBE CSPC) အလုပ်အမှုဆောင်များ၊ FPB Bank မှ ဒါရိုက်တာ အဖွဲ့ဝင်များ၊ CEO ဦးသူရ နှင့် အကြီးတန်း ဘဏ်အရာရှိများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး MBE အသင်း ကိုယ်စား ဥက္ကဋ္ဌ ဦးမင်းဦး နှင့် အထွေထွေ အတွင်းရေးမှူး ဦးသိန်းဦး တို့ကလည်းကောင်း၊ FPB Bank ကိုယ်စား CEO ဦးသူရ နှင့် Deputy CEO ဦးမျိုးမင်းချို တို့ကလည်းကောင်း၊ လက်မှတ် ရေးထိုးခဲ့ကြပါသည်။
နှစ်ဖက် အဖွဲ့အစည်းများ အနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ နယ်ပယ်များတွင် နှစ်ဖက် အဖွဲ့အစည်းများအကြား နှင့် မိမိတို့၏ အဖွဲ့အစည်းဝင် အသီးသီးတို့အကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် လုပ် ဆောင်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

















