မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် GUSTO University တို့အကြား “Modern Business & Technology ပညာရပ် ပြန့်ပွားစေရေး” ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးပွဲ အခမ်းအနား

Home / News / မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် GUSTO University တို့အကြား “Modern Business & Technology ပညာရပ် ပြန့်ပွားစေရေး” ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးပွဲ အခမ်းအနား

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် GUSTO University တို့အကြား “Modern Business & Technology ပညာရပ် ပြန့်ပွားစေရေး” ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးပွဲ အခမ်းအနားကို ယနေ့ (၁၇-၃-၂၀၂၄) ရက်နေ့က ရန်ကုန်မြို့၊ Times City ရှိ GUSTO University Campus ၌ ကျင်းပခဲ့ရာ MBE အသင်း အကြံပေး အဖွဲ့ဝင်များ နှင့် အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ GUSTO University က Founder & President ၊ CEO နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ GUSTO University ၏ Founder & President Prof. Dr. ဝင်းထိန်ဝင်း က GUSTO University အကြောင်း ရှင်းလင်းတင်ပြပြီး ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ဥက္ကဋ္ဌ ဦးမင်းဦးက MBE အသင်းအကြောင်း ရှင်းလင်း တင်ပြခြင်း၊ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) နှင့် GUSTO University တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်း၊ အပြန်အလှန် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ MBE အသင်းဝင် စီးပွား‌ရေးလုပ်ငန်းရှင် များဖြစ်ကြသည့် ဦးစည်သူ‌အောင် (Chairman of Biz Partner Group) နှင့် ဒေါ်ခင်မြတ်လှိုင် (Founder/ Director of Myanmar Solar Rays Co., Ltd. & The Heart of Rangoon – THOR) တို့၏ Experience Sharing Session ကိုလည်းကောင်း ၊ MBE အသင်းဝင်များ ဖြစ်ကြသည့် စီးပွား‌ရေးလုပ်ငန်းရှင်များ/ စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်း အမှုဆောင်များနှင့် GUSTO University ကျောင်းသား/ကျောင်းသူများအကြား Networking Session ကို လည်းကောင်း ဆောင်ရွက်ခဲ့ကြပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။