မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က ကမ္ဘာ့စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week – GEW 2023) အထိမ်းအမှတ် စီစဉ် ပြုလုပ်မည့် Online Seminar & Panel Discussion ဆွေးနွေးပွဲ

Home / News / မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က ကမ္ဘာ့စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week – GEW 2023) အထိမ်းအမှတ် စီစဉ် ပြုလုပ်မည့် Online Seminar & Panel Discussion ဆွေးနွေးပွဲ

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က ကမ္ဘာ့စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week – GEW 2023) အထိမ်းအမှတ် စီစဉ် ပြုလုပ်မည့် Online Seminar & Panel Discussion ဆွေးနွေးပွဲကို (2023) ခုနှစ်၊ နိုဝင်ဘာလ (15) ရက်နေ့၊ နံနက် (9:30) နာရီ၌ Virtual Online Zoom Platform ကတဆင့် ကျင်းပသွားမည် ဖြစ်ပါသည်။
ဆွေးနွေးပွဲ၌ “How to become an Entrepreneur for the youths” ခေါင်းစဉ်ဖြင့် ဒေါ်သက်ဇံဖြူ (CEO, Myanmar Noble University) ကလည်းကောင်း၊ “Don’t Just Innovate. Invent, Patent, and Succeed !” ခေါင်းစဉ်ဖြင့် ဦးဇော်ထွဋ် (MD/CTO, Myanmar Net Media & Software Co., Ltd.) ကလည်းကောင်း၊ ဟောပြော ဆွေးနွေး သွားမည်ဖြစ်ပါသည်။
“Meet the Investors” Panel Discussion တွင် Moderator အဖြစ် ဦးအောင်အောင် (MD, Ahtar Oo Co., Ltd.) (Chairperson of Strategic Business Development Committee of MBE Association) ကလည်းကောင်း၊ Panelist များအဖြစ် ဦးထွန်းထွန်းနိုင် (Chairman & Group CEO, Blue Ocean Investments) ၊ ဦးလဝန်းယံ (Investment Management, Emerging Market Entrepreneur) ၊ ဒေါ်အိပိုးဖြူ (MD, Shwe Zee Kwat Food Manufacturing & Int’l Export Co., Ltd.) တို့က လည်းကောင်း အသီးသီး ပါဝင် ဆွေးနွေး သွားမည် ဖြစ်ပါသည်။
ယခုနှစ် GEW 2023 လှုပ်ရှားမှုများကို နိုဝင်ဘာလ (13) ရက်မှ (19) ရက်အတွင်း ကျင်းပခြင်းဖြစ်ပြီး MBE အသင်း၏ မိတ်ဖက် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) က National Host အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ GEW 2023 ဆောင်ပုဒ်မှာ “ENTREPRENEURS THRIVE HERE” ဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က GEW 2023 အထိမ်းအမှတ် စီစဉ် ကျင်းပသည့် Online Seminar & Panel Discussion ‌‌ဆွေးနွေးပွဲကို စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ MBE အသင်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် သင်တန်းအစီအစဉ်အသီးသီးက လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်မှုကို စိတ်ဝင်စားသော လူငယ်များ တက်ရောက်နိုင်ပါရန် သတင်းကောင်းပါး ဖိတ်ကြားအပ်ပါသည်။
#GEW2023byMBE
(15 Nov 2023) 9:30 AM Online Zoom