မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က Supporting Partner အဖြစ် ပါဝင်ပံ့ပိုးထားပြီး မိတ်ဖက် နိုင်ငံတကာ အဖွဲ့အစည်း

Home / News / မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က Supporting Partner အဖြစ် ပါဝင်ပံ့ပိုးထားပြီး မိတ်ဖက် နိုင်ငံတကာ အဖွဲ့အစည်း

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က Supporting Partner အဖြစ် ပါဝင်ပံ့ပိုးထားပြီး မိတ်ဖက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် Enterprise Asia က ဦးစီးကျင်းပသည့် Asia Economic Forum (2023) ကို (2023) ခုနှစ်၊ အောက်တိုဘာလ (27) ရက်နေ့က စင်ကာပူ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲနှင့် ညစာစားပွဲ အခမ်းအနားသို့ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ Business Capacity Development Committee Chairperson – ဦးတင်ထွန်းဦး၊ Collaboration & Strategic Partnership Committee Secretary 2 – ဒေါ်ခိုင်ဇင်ဝင်း၊ အသင်းဝင် ဒေါ်ခင်စန္ဒာကျော် နှင့် အသင်းဝင် ဦးကျော်ထွဋ်လင်း တို့ ပါဝင်သည့် MBE ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ပါဝင် တက်ရောက်ခဲ့ကြပါသည်။
MBE ကိုယ်စားလှယ်အဖွဲ့၏ ရန်ကုန်-စင်ကာပူ ခရီးစဉ်အတွက် Round Trip Air Ticket များ အပြည့်အဝ ပံ့ပိုး ကူညီပေးပါသော မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Myanmar National Airlines (MNA) ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
Enterprise Asia က ပေးအပ် ချီးမြှင့်သည့် Asia Pacific Enterprise Awards – APEA 2023; Master Entrepreneur Award ကို ထိုက်တန်စွာ ရရှိခဲ့သည့် မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) အသင်းဝင်တစ်ဦး ဖြစ်သူ ဦးဇော်မင်းသန့် (MBE အသင်း ဒုတိယဥက္ကဋ္ဌ – 1) အတွက် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်ရပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။