မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး

Home / News / မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး အခမ်းအနားကို (၂၀၂၃) ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် ရန်ကုန်မြို့၊ Melia Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ MBE အသင်းနာယကများ၊ MOU / မိတ်ဖက် အဖွဲ့အစည်းများက အသင်းဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင် ဧည့်သည်တော်များ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် MBA Program က ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ (၂၀၂၁-၂၀၂၃) သက်တမ်းတာဝန်ထမ်းဆောင်ခဲ့ကြသည့် MBE အသင်း အလုပ်အမှုဆောင်များ၊ (၂၀၂၃-၂၀၂၅) သက်တမ်းတာဝန် ထမ်းဆောင်ကြမည့် MBE အသင်းအလုပ်အမှုဆောင်များ၊ MBE အသင်းဝင်များ၊ MBE အသင်းက ပေးအပ်ချီးမြှင့်သည့် Myanmar Business Excellence Award ဆန်ခါတင်စာရင်းဝင် MSME လုပ်ငန်းရှင်များ၊ MBE ရုံးအဖွဲ့ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနား၌ MBE အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အသင်းနာယက ဆရာကြီး Prof. Dr. အောင်ထွန်းသက် နှင့် အသင်းနာယက ဆရာကြီး ဦးသိန်းဦး တို့က Key Note Speech များ ပြောကြားခြင်း၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ဂုဏ်ပြုစကား ပြောကြားခြင်း၊ အသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မင်းမင်းမဉ္ဇူက အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာကို ဖတ်ကြား တင်ပြခြင်း၊ အသင်း ဘဏ္ဍာရေးမှူး ဒေါ်သက်ထားစုက (၂၀၂၂-၂၀၂၃) ခုနှစ် ဘဏ္ဍာရေး စာရင်းရှင်းတမ်းကို ဖတ်ကြား တင်ပြခြင်း၊ စာရင်းစစ်အစီရင်ခံစာကို External Audit Firm ဖြစ်သည့် May & Partner Associates က ဖတ်ကြား တင်ပြခြင်း၊ ဖတ်ကြား တင်ပြခဲ့ကြသည့် အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာ၊ (၂၀၂၂-၂၀၂၃) ခုနှစ် ဘဏ္ဍာရေး စာရင်းရှင်းတမ်း၊ သင်းဖွဲ့မှတ်တမ်း/ သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ချက် တို့ကို အသင်းဝင်များ၏ သဘောတူညီမှုဖြင့် အတည်ပြုခြင်း၊ အသင်းက ပေးအပ်ချီးမြှင့်သည့် Myanmar Business Excellence Award (၂၀၂၃) ဆုများ စိစစ်ရွေးချယ်နိုင်ရေးအတွက် အကဲဖြတ်ပေးခဲ့ကြသည့် ဆုရွေးချယ်ရေး ဒိုင်အဖွဲ့ဝင်များကို ဂုဏ်ပြုခြင်း၊ Myanmar Business Excellence Award (၂၀၂၃) ၏ Small Business Champion Award ဆုရရှိသူ MSME လုပ်ငန်းရှင်များ အမည်စာရင်းကို ကြေညာပြီး ဆုများ ပေးအပ် ချီးမြှင့်ခြင်း၊ Myanmar Business Excellence Award (၂၀၂၃) ၏ Start-up Excellence Award ဆုရရှိသူ MSME လုပ်ငန်းရှင်များ အမည်စာရင်းကို ကြေညာပြီး ဆုများပေးအပ် ချီးမြှင့်ခြင်း၊ MBE Member Award များဖြစ်ကြသည့် Most Active Participation Award ရရှိကြသည့် အသင်းဝင်များကို ဂုဏ်ပြုခြင်း၊ Most Generous Award ရရှိကြသည့် အသင်းဝင်များကို ဂုဏ်ပြုခြင်း၊ Fellow Member Certificate ရရှိသည့် အသင်းဝင်ကို ဂုဏ်ပြုခြင်း၊ President Award ရရှိကြသည့် အသင်းဝင်များကို ဂုဏ်ပြုခြင်း၊ (၂၀၂၁-၂၀၂၃) သက်တမ်းတာဝန် ထမ်းဆောင် ခဲ့ကြသည့် အလုပ်အမှုဆောင်များကို ဂုဏ်ပြုခြင်း၊ (၂၀၂၃-၂၀၂၅) သက်တမ်းအတွက် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် အလုပ်အမှုဆောင် အဖွဲ့သစ်၏ အမည်စာရင်းကို အတည်ပြု ကြေညာခြင်း၊ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါ်အေးအေးမူက ကျေးဇူးတင်စကား ပြောကြားခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခြင်း၊ Hi Tea ဖြင့် တည်ခင်းဧည့်ခံခြင်း အစီအစဉ်များပါဝင် ကျင်းပခဲ့ပါသည်။
ဆက်လက်၍ MBE အသင်းဝင်များ သီးသန့် ပါဝင်ကျင်းပသည့်အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကိုလည်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။