ပိုမိုအောင်မြင် အမျိုးသမီးလုပ်ငန်းရှင်” ပံ့ပိုးကူညီမှုအစီအစဉ် (Entrepreneurship Support Initiative – ESI Program) Certificate Awarding Ceremony

Home / News / ပိုမိုအောင်မြင် အမျိုးသမီးလုပ်ငန်းရှင်” ပံ့ပိုးကူညီမှုအစီအစဉ် (Entrepreneurship Support Initiative – ESI Program) Certificate Awarding Ceremony

မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် “ပိုမိုအောင်မြင် အမျိုးသမီးလုပ်ငန်းရှင်” ပံ့ပိုးကူညီမှုအစီအစဉ် (Entrepreneurship Support Initiative – ESI Program) Certificate Awarding Ceremony ကို (၇-၃-၂၀၂၃) ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) အလုပ်အမှုဆောင်များ၊ မိတ်ဖက်အဖွဲ့အစည်းများက ဖိတ်ကြားထားသူများ၊ ESI Program အသီးသီး၌ Trainer/ Mentor များအဖြစ် ဆောင်ရွက်ခဲ့ကြသည့် MBE အသင်းဝင်များ၊ ESI Program (ရန်ကုန်၊ တောင်ကြီး၊ မော်လမြိုင်၊ ဘားအံ) သင်တန်းသူ အမျိုးသမီး လုပ်ငန်းရှင်များ ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ ESI Program သင်တန်းသူ အမျိုးသမီး လုပ်ငန်းရှင်များ၏ Experience Sharing Panel Discussion ကျင်းပခြင်း၊ ESI Program သင်တန်းသူ အမျိုးသမီး လုပ်ငန်းရှင်များထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်း၊ ESI Program အသီးသီးတွင် Trainer/ Mentor များအဖြစ် ပါဝင်ခဲ့ကြသည့် MBE အသင်းဝင်များကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်း၊ စသည့် အစီအစဉ်များ ပါဝင် ကျင်းပခဲ့ကြပါသည်။

ယခု “ပိုမိုအောင်မြင် အမျိုးသမီး လုပ်ငန်းရှင်” ပံ့ပိုးကူညီမှုအစီအစဉ်၌ ရန်ကုန်၊ ရှမ်း(တောင်)၊ မွန်၊ ကရင် ရှိ အသက် (၂၁) နှစ်နှင့်အထက် ၊ လုပ်ငန်းလုပ်သက် (၁) နှစ်ကျော် ရှိသည့် အသေးစားနှင့် အငယ်စား စီးပွားရေး လုပ်ငန်း ဦးဆောင်သူ အမျိုးသမီး လုပ်ငန်းရှင် စုစုပေါင်း (၇၇) ဦးကို အောင်မြင်စွာ ပံ့ပိုးကူညီဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။