ပိုမိုအောင်မြင် အမျိုးသမီးလုပ်ငန်းရှင်” ပံ့ပိုးကူညီမှုအစီအစဉ်၊ ESI Program (Yangon) သင်တန်း စတင်ဖွင့်လှစ်ခြင်း (Orientation Ceremony)

Home / News / ပိုမိုအောင်မြင် အမျိုးသမီးလုပ်ငန်းရှင်” ပံ့ပိုးကူညီမှုအစီအစဉ်၊ ESI Program (Yangon) သင်တန်း စတင်ဖွင့်လှစ်ခြင်း (Orientation Ceremony)

“ပိုမိုအောင်မြင် အမျိုးသမီးလုပ်ငန်းရှင်” ပံ့ပိုးကူညီမှုအစီအစဉ်၊ ESI Program (Yangon) သင်တန်း စတင်ဖွင့်လှစ်ခြင်း (Orientation Ceremony) ကို (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က အလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများ၊ အတည်ပြုရွေးချယ်ခြင်းခံသည့် ESI Program (Yangon) သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ ယခုအစီအစဉ် “Entrepreneurship Support Initiative Program (Women Led)” ကို ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လုပ်ငန်းလုပ်သက် အနည်းဆုံး (၁) နှစ် ရှိသည့် အငယ်စား/အသေးစား စီးပွားရေးလုပ်ငန်း ဦးဆောင်သူ အသက် (၂၁) နှစ်နှင့် အထက် အမျိုးသမီး လုပ်ငန်းရှင်များအတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အစီအစဉ်ကာလကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ ရန်ကုန်၊ တောင်ကြီး၊ မော်လမြိုင်၊ ဘားအံ၊ စုစုပေါင်း မြို့ကြီး (၄) မြို့မှာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ESI Program (Yangon) သင်တန်းကို ပထမဆုံး စတင်ဖွင့်လှစ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ESI Program (Taunggyi) သင်တန်းအတွက် ပဏာမစစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းများကို ပြုလုပ်လျက်ရှိပြီး ESI Program (Mawlamyaing) နှင့် ESI Program (Hpa-an) သင်တန်းများအတွက် လျှောက်လွှာလက်ခံ ခေါ်ယူလျက်ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

လျှောက်ထားရန် bit.ly/ESIbyMBE