LEAD Third Workshop

Home / LEAD / LEAD Third Workshop

ပုဂံဒေသအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် USAID ၏ပံ့ပိုးကူညီမှုဖြင့် ၂၀၁၇ ခုနစ်၊ သြောဂုတ်လ မှစတင်၍ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များသို့ လစဉ် စီမံခန့်ခွဲမှုသင်တန်းများ၊ အင်္ဂလိပ်စာ နှင့် အင်တာနက်သင်တန်းများကိုပို့ချပေးလျှက်ရှိရာ အောက်တိုဘာလ တတိယအပတ် အတွက် စီမံခန့်ခွဲမှုဘာသာရပ်တစ်ခုဖြစ်သော Business Leadership ဘာသာရပ်ကို ဆရာဦးကောင်းငြိမ်းစိုး Kaung Nyein Soe မှ အောက်တိုဘာ ၂၁ ရက်နေ့တွင်ဆွေးနွေးပို့ချပေးခဲ့ပါတယ်….

ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် လက်တွေ့အသုံးဝင်စေမည့် ခေါင်းဆောင်မှုဆိုင်ရာ အခြေခံအချက်အလက်များ နှင့် စီးပွားရေးလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် အဓိကကျသောအချက်များ ၊စီပွားရေးလုပ်ငန်းကို ဦးဆောင်ဦးရွက်လုပ်ကိုင်နေသူတို့ ကြုံတွေ့လာနိုင်သော၊ ကြုံတွေ့နေရသော ပြဿနာများ၊ မိမိ၏ဖောက်သည်များ၊ မိမိပတ်ဝန်းကျင်၊ မိမိဝန်ထမ်းစသည် တို့ကိုမည်သို့ ဆွဲဆောင်ရမည် စသော အချက်အလက်များစွာပါဝင်သည့် ဂိမ်းအစီအစဉ်များ၊ သရုပ်ပြဆွေးနွေးလေ့ကျင့်ခြင်းအစီအစဉ်များဖြင့် ပုဂံဒေသ စီးပွားရေးလုပ်ငန်းရှင်များနှင့် အပြန်အလှန်တက်ကြွစွာဆွေးနွေးပို့ချပေးခဲပါတယ်..

ထိုနည်းတူ အောက်တိုဘာလ တတိယအပတ် အတွက် စီမံခန့်ခွဲမှုဘာသာရပ်တစ်ခုဖြစ်သော Financial Accounting ဘာသာရပ်ကို ဆရာမ ဒေါ်ယုယုမြင့် မှ အောက်တိုဘာ ၂၂ ရက်နေ့တွင်ဆွေးနွေးပို့ချပေးခဲ့ပါတယ်….

ဆွေးနွေးပို့ချရာတွင် SME လုပ်ငန်းများရေရှည်အောင်မြင်စေရေးအတွက် အရေးပါသော Accounting ဆိုင်ရာ အခြေခံသဘောတရားများ၊ လုပ်ငန်းတစ်ခု၏ အရှုံးအမြတ်တွက်ချက်ပုံတွက်ချက်နည်းများ၊ အသုံးစရိတ်များ နှင့် ဝင်ငွေများကို မှန်ကန်စွာ ခွဲခြားနည်းများ၊ လုပ်ငန်းတစ်ခုကို အောင်မြင်စေနိုင်သော အကြောင်းအရာများ၊ ကျရှုံးစေနိုင်သော အကြောင်းအရာများ၊ လုပ်ငန်းတစ်ခုတည်ထောင်ရာတွင် ဘဏ်ချေးငွေဖြင့်လုပ်ငန်းစတင်တည်ထောင်ခြင်း၏ ကောင်းကျိုး ဆိုးကျိုးများ၊ Partnership ပုံစံဖြင့် လုပ်ငန်းလုပ်ကိုင်ခြင်း၏ ကောင်ကျိုး ဆိုးကျိုးများ စသည်ဖြင့် သိရှိမှတ်သားဖွယ်ရာများစွာတို့ကို လုပ်ငန်းရှင်များကိုယ်တိုင် ပါဝင်ဆွေးနွေးစေခြင်း ဆရာမမှ အကြံပေးဆွေးနွေးခြင်းများဖြင့် ဒေသခံလုပ်ငန်းရှင်များသို့ ဆွေးနွေးပို့ချပေးခဲ့ပါတယ်ခင်ဗျာ