LEAD Second Workshop

Home / LEAD / LEAD Second Workshop

ပုဂံဒေသ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် LEAD Program ဆွေးနွေးအကြံပေးခြင်းနှင့် သင်တန်းပို့ချခြင်းအစီအစဉ်ကို ၂၀၁၇ ခုနှစ် သြောဂုတ်လ ၁၉ ရက်မှ စတင်ဖွင့်လှစ်၍ လစဉ် စီမံခန့်ခွဲမှုပညာ ဘာသာ ရပ်များ၊ ကွန်ပျူတာ နှင့် အင်္ဂလိပ်စာသင်တန်းများကို ပုဂံဒေသ SMEs လုပ်ငန်းရှင်များသို့ ပို့ချပေးလျှက်ရှိပါသည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် Small and Medium Enterprise Management ဘာသာရပ်ကို ဆရာမကြီး ဒေါ်အေးအေးမူ မှလည်းကောင်း၊ စက်တင်ဘာ ၁၇ ရက်နေ့တွင် Legal and Business Law ဘာသာရပ်ကို ဆရာမကြီး ဒေါ်ချိုချိုမြင့် မှလည်းကောင်း၊ Total Quality Management ဘာသာရပ်ကို ဆရာ ဦးဇော်မင်းသန့် မှလည်းကောင်း အသီးသီး ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပြီး၊ SMEs လုပ်ငန်းရှင်များအတွက် အကျိုးရှိစေမည့် ဂိမ်းအစီအစဉ်များကိုပါ ထည့်သွင်း၍ အားလုံးကို ပျော်ရွှင်စွာပါဝင်စေခဲ့ပါသည်။