(MBE) နှင့် India Myanmar Chamber of Commerce (IMCC) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်း

Home / News / (MBE) နှင့် India Myanmar Chamber of Commerce (IMCC) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်း
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် India Myanmar Chamber of Commerce (IMCC) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်းကို ယနေ့ (၁.၉.၂၀၂၆) ရက်နေ့၊ ရန်ကုန််မြို့တွင် ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ MBE အသင်း ဥက္ကဋ္ဌ ဦးမင်းဦး ဦးဆောင်သည့် MBE အသင်း စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ Collaboration & Strategic Partnership Committee (MBE CSPC) အလုပ်အမှုဆောင်များ၊ IMCC Chamber ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya ဦးဆောင်သည့် Chamber အလုပ်အမှုဆောင်များ နှင့် တာဝန်ရှိသူများ ၊ IMCC ၏ အခြား မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
MoU လက်မှတ်ရေးထိုးမှုအဖြစ် MBE အသင်း ကိုယ်စား ဥက္ကဋ္ဌ ဦးမင်းဦး နှင့် Collaboration & Strategic Partnership Committee (MBE CSPC) Chairperson ဦးစည်သူအောင် တို့က လည်းကောင်း၊ IMCC Chamber ကိုယ်စား ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiyaနှင့် ဘဏ္ဍာရေးမှူး Mr. Manoj Chowdhary တို့က လည်းကောင်း၊ ဆောင်ရွက်ခဲ့ကြပါသည်။
MBE အသင်း Collaboration & Strategic Partnership Committee (MBE CSPC) က တာဝန်ယူ စီစဉ် ဆောင်ရွက်သည့် ယခု MoU ရေးထိုးမှု၌ နှစ်ဖက် အဖွဲ့အစည်းများ အ‌နေဖြင့်
• Joint Events and Programs
• Member Meetups and Networking
• Reciprocal Invitations
• Speakers, Mentors, and Resource Persons
• Community and Business Development Initiatives
• Information Sharing and Promotion
• Institutional Learning and Knowledge Exchange
လုပ်ငန်း နယ်ပယ်များတွင် နှစ်ဖက် အဖွဲ့အစည်းများအကြား နှင့် မိမိတို့၏ အဖွဲ့အစည်းဝင် အသီးသီးတို့အကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် လုပ်‌ဆောင်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။