MBE နှင့် RCDM တို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲ ကျင်းပ

Home / News / MBE နှင့် RCDM တို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲ ကျင်းပ
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် Rotary Club of Dagon Myanmar (RCDM) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်းကို (၂၅.၇.၂၀၂၆) ရက်နေ့၊ ရန်ကုန််မြို့တွင် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ Rotary Club of Dagon Myanmar (RCDM) 2nd Officers Installation Ceremony အခမ်းအနားသို့ MBE အသင်း ဥက္ကဋ္ဌ ဦးမင်းဦး၊ အထွေထွေအတွင်းရေးမှူး ဦးသိန်းဦး၊ Collaboration & Strategic Partnership Committee တွဲဖက်ဥက္ကဋ္ဌ ဦးရဲထွန်းဝင်း၊ Rotary Club District 3350 မှ Governor နှင့် Rotary Club အသီးသီးမှ တာဝန်ရှိသူများ၊ RCDM မှ CP Daw Sandar Aung Steber ၊ President U Charles Aung Steber ဦးဆောင်သည့် Board Member များနှင့် Rotarian များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး MBE အသင်း ကိုယ်စား ဥက္ကဋ္ဌ ဦးမင်းဦး နှင့် အထွေထွေ အတွင်းရေးမှူး ဦးသိန်းဦး တို့က MoU လက်မှတ် ရေးထိုးခဲ့ကြပါသည်။
နှစ်ဖက် အဖွဲ့အစည်းများ အ‌နေဖြင့် Member Engagement ၊ Joint Events ၊ Community Service စသည့် နယ်ပယ်များတွင် နှစ်ဖက် အဖွဲ့အစည်းများအကြား နှင့် မိမိတို့၏ အဖွဲ့အစည်းဝင် အသီးသီးတို့အကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် လုပ်‌ ဆောင်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။