မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (YRYEA) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်း

Home / News / မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (YRYEA) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်း

မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (YRYEA) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်းကို ယနေ့ (၂၀.၁.၂၀၂၆) ရက်နေ့၊ ရန်ကုန််မြို့ Sedona Hotel တွင် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ YRYEA အသင်း နှင့် မိတ်ဖက်အဖွဲ့အစည်းများ MoU ရေးထိုးပွဲ အခမ်းအနားသို့ MBE အသင်း ဥက္ကဋ္ဌ ဦးမင်းဦး နှင့် အလုပ်အမှုဆောင်များ၊ YRYEA အသင်း ဥက္ကဋ္ဌ ဦးသူရိန်အောင် နှင့် အလုပ်အမှုဆောင်များ၊ YRYEA နှင့် MoU ရေးထိုးခဲ့ကြသည့် အခြား အဖွဲ့အစည်း (၂၀) ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး MBE အသင်း ကိုယ်စား ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်မင်းမင်းမဉ္ဇူ နှင့် Collaboration & Strategic Partnership Committee Chairperson ဦးစည်သူအောင် တို့ကလည်းကောင်း၊ YRYEA အသင်း ကိုယ်စား ဒုတိယဥက္ကဋ္ဌ (၁) ဦးသက်ဝင့်ကျော်ဇံ နှင့် စာရင်းစစ် ဒေါ်အိမွန်မွန်တို့က လည်းကောင်း ပါဝင် လက်မှတ် ရေးထိုးခဲ့ကြပါသည်။ နှစ်ဖက် အဖွဲ့အစည်းများအ‌ နေဖြင့် Joint Events and Programs ၊ Business Matching & Networking ၊ Member Participation & Benefits ၊ Information & Knowledge Sharing လုပ်ငန်းနယ်ပယ်များတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။