မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး အခမ်းအနား

Home / News / မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး အခမ်းအနား
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး အခမ်းအနားကို (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ရန်ကုန်မြို့၊ Lotte Hotel Crystal Ballroom ၌ ကျင်းပပြုလုပ်ခဲ့ရာ MBE အသင်းနာယကများ၊ MOU / မိတ်ဖက် အဖွဲ့အစည်းများက အသင်း ဥက္ကဋ္ဌများ နှင့် အလုပ်အမှုဆောင် – ဧည့်သည်တော်များ၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် နှင့် MBA Program က ဆရာမကြီးများ၊ ပွဲဖြစ်မြောက်ရေး ပံ့ပိုးပေးကြသည့် Contribution Partner ကုမ္ပဏီများက တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ MBE အသင်း (၂၀၂၃-၂၀၂၅) သက်တမ်း အသင်း အကြံပေး အဖွဲ့ဝင်များ၊ MBE အလုပ်အမှုဆောင်များ၊ MBE အသင်းဝင်များ၊ MBE ရုံးအဖွဲ့ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို မြန်မာသံစဉ် စောင်းတူရိယာတီးခတ် ဖျော်ဖြေမှုဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီး MBE အသင်းဥက္ကဋ္ဌ ဦးမင်းဦးက အဖွင့် အမှာစကား ပြောကြားခြင်း၊ အသင်းနာယက ဆရာကြီး Prof. Dr. အောင်ထွန်းသက်က ဂုဏ်ပြုစကား ပြောကြားခြင်း၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ဂုဏ်ပြုစကား ပြောကြားခြင်း၊ MBE အသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းဦးက (၂၀၂၄-၂၀၂၅) ခုနှစ် အတွက် အသင်းအလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာကို ဖတ်ကြား တင်ပြခြင်း၊ MBE အသင်း ဘဏ္ဍာရေးမှူး ဦးညီညီအောင်က (၂၀၂၄-၂၀၂၅) ခုနှစ် ဘဏ္ဍာရေး စာရင်းရှင်းတမ်းကို ဖတ်ကြား တင်ပြခြင်း၊ စာရင်းစစ် အစီရင်ခံစာကို External Audit Firm ဖြစ်သည့် May & Partner Co., Ltd. က တင်ပြခြင်း၊ ဖတ်ကြား တင်ပြခဲ့ကြသည့် အလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာ၊ (၂၀၂၄-၂၀၂၅) ခုနှစ် ဘဏ္ဍာရေး စာရင်းရှင်းတမ်း နှင့် သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ချက် (၂၀၂၅) တို့ကို အသင်းဝင်များ၏ သဘောတူညီမှုဖြင့် အတည်ပြုခြင်း၊ (၂၀၂၃-၂၀၂၅) သက်တမ်းပြီးမြောက်ခဲ့ခြင်းနှင့်အတူ (၂၀၂၅-၂၀၂၇) သက်တမ်း တာဝန်ထမ်းဆောင်ကြမည့် အလုပ်အမှုဆောင်အဖွဲ့၏ အမည်စာရင်း တင်ပြခြင်း တို့ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ပွဲဖြစ်မြောက်ရေး ပံ့ပိုးပေးခဲ့ကြသည့် Contribution Partner များကို ဂုဏ်ပြုခြင်း အစီအစဉ်အဖြစ် Diamond Partners များ ဖြစ်ကြသည့် Myanma Awba Group နှင့် JJ Express တို့ကို လည်းကောင်း၊ Platinum Partner များ ဖြစ်ကြသည့် MC Easy Microfinance Co., Ltd. ၊ g&g Convenience Store ၊ Myanmar Citizens Bank ၊ Golden Bell Family Jewellery and Goldsmiths ၊ Myanma Tourism Bank ၊ Myanmar National Airlines တို့ကို လည်းကောင်း၊ Gold Partner များ ဖြစ်ကြသည့် Global World Insurance ၊ Small & Medium Enterprise Development Bank ၊ East Boy Engineering Co., Ltd. ၊ Gemora Gold & Jewellery တို့ကိုလည်းကောင်း၊ Silver Partner များ ဖြစ်ကြသည့် BPG Healthcare ၊ Big A Asia Co., Ltd. ၊ City Holdings Ltd., ၊ Gold Power Co., Ltd. ၊ Logi Plus Co., Ltd. ၊ Treasure Star Gems & Jewellery Co., Ltd. ၊ Peach. Mobile, Electronic & Beauty Salon တို့ကိုလည်းကောင်း ကျေးဇူးတင် ဂုဏ်ပြုလွှာများ အသီးသီး ပေးအပ်ခြင်း၊ (၂၀၂၄-၂၀၂၅) ခုနှစ်အတွင်း အသင်း၏ Program အသီးသီး အောင်မြင်ရေး ပံ့ပိုးပေးခဲ့ကြသည့် Supporting Organization များကို ဂုဏ်ပြုလွှာများ ပေးအပ်ခြင်း၊ (၂၀၂၃-၂၀၂၅) သက်တမ်း အလုပ်အမှုဆောင် တာဝန်များကို ထမ်းဆောင် ပြီးမြောက်ခဲ့ကြသည့် (၂၀၂၃-၂၀၂၅) အလုပ်အမှုဆောင်များကို ဂုဏ်ပြုခြင်း၊ MBE Member Award များ ဖြစ်ကြသည့် 2025 Most Generous Award ရရှိကြသည့် အသင်းဝင် (၃) ဦးကို ဂုဏ်ပြုခြင်း၊ 2025 Most Active Participation Award ရရှိကြသည့် အသင်းဝင် (၃) ဦးကို ဂုဏ်ပြုခြင်း၊ (၂၀၂၄-၂၀၂၅) ခုနှစ်အတွက် MBE President’s Award ရရှိသည့် အသင်းဝင်ကို ဂုဏ်ပြုခြင်း၊ MBE အသင်း (၂၀၂၃-၂၀၂၅) သက်တမ်း ဒုတိယဥက္ကဋ္ဌ (၂) Dr. မျိုးမင်းက ကျေးဇူးတင်စကား ပြောကြားခြင်း၊ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခြင်းများ၊ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အစီအစဉ်များဖြင့် အခမ်းအနား အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။
အဆိုပါ ညစာစားပွဲ အခမ်းအနား၌ ခင်းကျင်းပြသထားသည့် Contribution Partner ကုမ္ပဏီများ၏ ပြခန်းများကို Exhibition Tour လှည့်လည် ကြည့်ရှုခြင်း၊ MBE အသင်း၏ ငလျင်ဘေးသင့် ဒေသများ တုန့်ပြန်ကူညီရေး အစီအစဉ် (၂၀၂၅) ၌ ထည့်ဝင် လှူဒါန်းခဲ့ကြသည့် အသင်းဝင်များနှင့် အလှူရှင်များကို ဂုဏ်ပြုလွှာများ ပေးအပ်ခြင်း အပါအဝင် Exhibition & Networking Session များ၊ Lucky Draw Session များလည်း ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
(၂၃-၁၁-၂၀၂၅)