GEW (Global Entrepreneurship Week) Myanmar

Home / News / GEW (Global Entrepreneurship Week) Myanmar
အားလုံး မင်္ဂလာပါ ခင်ဗျာ
နှစ်စဉ် November လတွင် ကျင်းပပြုလုပ်လျက်ရှိသော GEW (Global Entrepreneurship Week) Myanmar ပြန်လည်ရောက်ရှိလို့လာပါပြီ ခင်ဗျာ
ယခုနှစ် GEW 2025 အတွက် ကျွန်တော်တို့ Myanmar Business Executives Association အသင်းက အထိမ်းအမှတ်အဖြစ် စီစဉ်ပြုလုပ်သည့်
“Together We Build: How Humans + AI Are Redesigning Entrepreneurship” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲလေးကို
ကျွန်တော်တို့ SBD Committee ရဲ့ Co-chairperson, Dr. Kyaw Phyo Linn က Online ဟောပြောဆွေးနွေးသွားမည် ဖြစ်ပါသောကြောင့် AI ကိုစိတ်ပါဝင်စားသူများ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
  • စီးပွါးရေးနယ်ပယ်ကို ခေတ်မီ Humans + AI နည်းပညာတွေအကူအညီနဲ့ ပိုမိုတိုးတက်အောင် ဒီဇိုင်းရေးဆွဲဆောင်ရွက်ကြမယ်
  •  AI ကို ခြိမ်းခြောက်မှုလို့ မြင်နေသေးလား? (သို့) ကြိုဆိုမလား?
ဒီဆွေးနွေးပွဲမှာ သင်သိရှိရမယ့် အချက် (၃) ချက်
  1. AI ကို အသုံးချပြီး လုပ်ငန်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ?
  2. လူသားတွေရဲ့ အားသာချက်ဖြစ်တဲ့ ဆန်းသစ်တီထွင်မှု၊ စီမံခန့်ခွဲမှုစွမ်းရည်တွေကို ဘယ်လိုမြှင့်တင်မလဲ?
  3. AI ခေတ်မှာ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူဖြစ်ဖို့ ဘယ်လိုပြင်ဆင်မလဲ?
အထက်ပါအကြောင်းအရာများ ဗဟုသုတမျှဝေမည့် ပွဲလေးဖြစ်ပါတယ် ခင်ဗျာ
“Together We Build: How Humans + AI Are Redesigning Entrepreneurship”
Speaker – Dr. Kyaw Phyo Linn (MBE)
📅 ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်၊ (စနေနေ့)
⏰ မွန်းလွဲ ၂:၀၀ – ၃:၃၀
💻 Zoom Online
Meeting ID: 838 1551 4818
Passcode: gew
အခမဲ့ တက်ရောက်နိုင်ပါသည်။
Registration Link
ဆက်သွယ်ရန်:
MBE – [email protected], +95 4200 699 02