မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizens Bank – MCB) တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်းကို ယနေ့ (၁၂.၁၁.၂၀၂၅) ရက်နေ့၊ ရန်ကုန််မြို့တွင် ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ MBE အသင်း ဥက္ကဋ္ဌ ဦးမင်းဦး ဦးဆောင်သည့် MBE အသင်း စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ Collaboration & Strategic Partnership Committee (MBE CSPC) အလုပ်အမှုဆောင်များ၊ MCB Bank Deputy CEO ဦးမျိုးသက်နိုင် ဦးဆောင်သည့် အကြီးတန်း ဘဏ်အရာရှိများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး MBE အသင်း ကိုယ်စား ဒုတိယဥက္ကဋ္ဌ (၁) ဦးဇော်မင်းသန့် နှင့် အထွေထွေအတွင်းရေးမှူး ဦးသိန်းဦး တို့ကလည်းကောင်း၊ MCB Bank ကိုယ်စား Deputy CEO ဦးမျိုးသက်နိုင် နှင့် SVP (Head of Deposit & Digital Banking) ဒေါ်အေးချမ်းဖြူဖြူ တို့ကလည်းကောင်း၊ လက်မှတ်ရေးထိုးခဲ့ကြပါသည်။
နှစ်ဖက် အဖွဲ့အစည်းများအနေဖြင့် Access to Banking & Financial Services ၊ Joint Training, Education & Financial Literacy Program ၊ Entrepreneurship & SME Development ၊ Networking & Knowledge-sharing for Business Growth ၊ Responsible Business Development Program ၊ CSR Activities & Initiatives လုပ်ငန်းနယ်ပယ်များတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။








