စီးပွားရေးလုပ်ငန်းရှင်များအတွက် –
မျိုးဆက်တစ်ခုမှသည် နောက်တစ်ခုဆီသို့ အနာဂတ်အတွက် မိသားစု စီမံအုပ်ချုပ်မှုအမွေအနှစ်ကို တစ်ဆက်တည်း လက်ဆင့်ကမ်းတည်ဆောက်နိုင်ရန်၊ မိသားစု စီမံအုပ်ချုပ်မှု (Family Governance) အလေ့အထကောင်းများကို သိရှိကျင့်သုံးနိုင်ရန် ရည်ရွယ်ထားသော
“𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐚 𝐋𝐞𝐠𝐚𝐜𝐲: 𝐅𝐚𝐦𝐢𝐥𝐲 𝐆𝐨𝐯𝐞𝐫𝐧𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞” ဆွေးနွေးပွဲ အခမ်းအနားကို မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က အောက်ပါအတိုင်း စီစဉ်ကျင်းပသွားပါမည်။
𝐃𝐚𝐭𝐞 – 𝟐𝟕𝐭𝐡 𝐉𝐮𝐥𝐲 𝟐𝟎𝟐𝟓 (𝐒𝐮𝐧𝐝𝐚𝐲)
𝐓𝐢𝐦𝐞 – (𝟏:𝟑𝟎) 𝐏𝐌 𝐭𝐨 (𝟒:𝟎𝟎) 𝐏𝐌
𝐕𝐞𝐧𝐮𝐞 – 𝐘𝐒𝐗 𝐘𝐚𝐧𝐠𝐨𝐧 𝐒𝐭𝐨𝐜𝐤 𝐄𝐱𝐜𝐡𝐚𝐧𝐠𝐞, 𝐒𝐮𝐥𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐨𝐚𝐝, 𝐘𝐚𝐧𝐠𝐨𝐧
MBE အသင်းက ဆောင်ရွက်လျက်ရှိသော Responsible Business Development Program ၏ လုပ်ငန်းစဥ် တစ်ရပ်အဖြစ် ကျင်းပမည့် ယခု အခမ်းအနားတွင်
𝐊𝐞𝐲𝐧𝐨𝐭𝐞 𝐒𝐩𝐞𝐞𝐜𝐡 –
“City Mart, Market place နှင့် Ocean Supermarket များ အပါအဝင် City Holdings Limited” လုပ်ငန်းများကို ဦးဆောင်သူ 𝐃𝐚𝐰 𝐖𝐢𝐧 𝐖𝐢𝐧 𝐓𝐢𝐧𝐭, (𝐆𝐫𝐨𝐮𝐩 𝐂𝐄𝐎, 𝐂𝐢𝐭𝐲 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐋𝐢𝐦𝐢𝐭𝐞𝐝) က မိသားစု စီမံအုပ်ချုပ်မှု (Family Governance) အကြောင်း Key Note Speech ပြောကြားခြင်း၊
𝐏𝐚𝐧𝐞𝐥 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 –
မိသားစု စီမံအုပ်ချုပ်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်တွေ့ ကျင့်သုံးနေကြသော အတွေ့အကြုံရှိ ဦးဆောင် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည့်
𝐔 𝐊𝐲𝐚𝐰 𝐋𝐰𝐢𝐧 𝐎𝐨 – 𝐂𝐡𝐚𝐢𝐫𝐦𝐚𝐧, 𝐄𝐯𝐞𝐫 𝐅𝐥𝐨𝐰 𝐑𝐢𝐯𝐞𝐫 𝐆𝐫𝐨𝐮𝐩 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨., 𝐋𝐭𝐝.
နိုင်ငံတကာ နှင့် ပြည်တွင်း ကုန်သွယ်ရေး နှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို နှစ် (၃၀) ကျော် ဦးဆောင်နေသည့် လုပ်ငန်းရှင်
𝐔 𝐊𝐲𝐚𝐰 𝐓𝐡𝐞𝐭 𝐍𝐚𝐢𝐧𝐠 – 𝐌𝐚𝐧𝐚𝐠𝐢𝐧𝐠 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫, 𝐘𝐨𝐤𝐞 𝐏𝐲𝐨 𝐂𝐨., 𝐋𝐭𝐝.
(၅၂) နှစ်ကျော် သက်တမ်းရှိ “ရုပ်ပျိုတိုင်းရင်းဆေး ထုတ်လုပ်ရေးလုပ်ငန်း” ၏ တတိယမျိုးဆက် ပဲ့ကိုင်ရှင်
𝐃𝐚𝐰 𝐍𝐲𝐨 𝐍𝐲𝐨 𝐒𝐞𝐢𝐧 – 𝐂𝐄𝐎, 𝐔 𝐊𝐚𝐫 𝐊𝐚 𝐂𝐨., 𝐋𝐭𝐝.
(၉၇) နှစ်ကျော် အောင်မြင်နေသည့် “ဦးကာက + ဒေါ်စိန် လက်ဖက်လုပ်ငန်း” ၏ တတိယမျိုးဆက် ပဲ့ကိုင်ရှင်
𝐃𝐫. 𝐌𝐲𝐢𝐧𝐭 𝐌𝐲𝐢𝐧𝐭 𝐊𝐡𝐢𝐧 – 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫, 𝐌𝐌𝐊 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐧𝐚𝐜𝐤𝐬 𝐂𝐨., 𝐋𝐭𝐝.
နှစ်ပေါင်း (၁၀၀) ကျော် မိသားစု အဆက်ဆက် အောင်မြင်နေသည့် “မြင့်မြင့်ခင် ထိုးမုန့် နှင့် မြန်မာ့ရိုးရာ မုန့်လုပ်ငန်း” လုပ်ငန်းရှင် တို့က အဓိက ဆွေးနွေးသူ Panelists များအဖြစ် လည်းကောင်း၊
𝐃𝐫. 𝐒𝐢 𝐓𝐡𝐮 𝐏𝐡𝐲𝐨 – 𝐂𝐄𝐎, 𝐓𝐫𝐮𝐬𝐭 𝐕𝐞𝐧𝐭𝐮𝐫𝐞 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 𝐂𝐨., 𝐋𝐭𝐝.
MBE အသင်း၏ EC တစ်ဦးဖြစ်ပြီး (၁၀) နှစ်ကျော် Stock Exchange & Financial Advisory Services လုပ်ငန်းများ ဆောင်ရွက် နေသည့် လုပ်ငန်းရှင်က ဦးဆောင် ဆွေးနွေးသူ Moderator အဖြစ် လည်းကောင်း၊ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပြည်တွင်း/ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ၊ မိသားစု စီးပွားရေး လုပ်ငန်းများကို လက်ဆင့်ကမ်း တည်ဆောက်လိုသော လုပ်ငန်းရှင်များ၊ စိတ်ဝင်စားသူများ တက်ရောက်နိုင်မည့် ယခု အခမ်းအနားတွင်
အထူး (အထူး) စိတ်ဝင်စားဖွယ် 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ရာ
𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤
https://docs.google.com/…/1FAIpQLSelqKWklrE34s…/viewform
မှာ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ သတင်းကောင်းပါး ဖိတ်ကြား တိုက်တွန်း လိုက်ရပါသည်။