မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က Supporting Partner အဖြစ် ပါဝင်ပံ့ပိုးထားပြီး မိတ်ဖက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် Enterprise Asia က ဦးစီးကျင်းပသည့် International CSR & Sustainability (ICS) Summit 2025 နှင့် the Asia Responsible Enterprise Awards (AREA) 2025 Gala Dinner တို့ကို 2025 ခုနှစ်၊ ဇွန်လ၊ 27 ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲနှင့် ညစာစားပွဲအခမ်းအနားသို့ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) မှ ဒေါ်ကေသီညွန့်နှင့် ဦးကောင်းငြိမ်းစိုးတို့ ပါဝင် တက်ရောက်ခဲ့ကြပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။