MBE အသင်း အနေဖြင့် “ငလျင်ဘေးအန္တရာယ် တုံ့ပြန်ကူညီရေး” အစီအစဉ်များ

Home / News / MBE အသင်း အနေဖြင့် “ငလျင်ဘေးအန္တရာယ် တုံ့ပြန်ကူညီရေး” အစီအစဉ်များ

MBE အသင်း အနေဖြင့် “ငလျင်ဘေးအန္တရာယ် တုံ့ပြန်ကူညီရေး” အစီအစဉ်များ ဆက်လက် ဆောင်ရွက်လျက်ရှိရာ
City Holdings Ltd. (City Love and Hope Foundation) က MBE အသင်းထံကတဆင့် ပျဉ်းမနားမြို့ရှိ ငလျင်ဒဏ်ခံ ပြည်သူများသိို့ လှူဒါန်းသည့် စား‌သောက်ကုန် ပစ္စည်းများဖြစ်သော
(က) ကြက်သားခေါက်ဆွဲခြောက် (4 units ထုပ်စီဖြင့် 500 pax = 2000 ထုပ်)
(ခ) သက်သတ်လွတ်ခေါက်ဆွဲခြောက် (4 ထုပ်စီဖြင့် 500 pax = 2000 ထုပ်)
(ဂ) ဘာလချောင်ကြော် (500) ထုပ်
(ဃ) ဘီစကစ် (500) ထုပ် နှင့်
MBE အသင်းမှ
(င) ငပိထောင်းဗူး (500) ထုပ်
တို့ကို အိမ်ထောင်စု (500) စာ Household Pack များ ခွဲဝေထုပ်ပိုးခြင်းကို (10.4.2025) ရက်နေ့က The Heart of Rangoon – THOR ၌ MBE အသင်း၀င်များနှင့် THOR ၀န်ထမ်းများက စုပေါင်း ထုပ်ပိုး ပြင်ဆင် ဆောင်ရွက်ကာ JJ Express ဖြင့် ပျဉ်းမနားမြို့သို့ ပို့ဆောင်ခဲ့ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။