GEW 2019 Bagan

Home / LEAD / GEW 2019 Bagan

Bagan Regional Development Association (BRDA) သည် ၂၀၁၉ ခုနှစ် Global Entrepreneurship Week အထိမ်းအမှတ်အဖြစ် “ရေရှည်ဖွံ့ဖြိုးဒေသအကျိုး” “Sustainable Development for Entrepreneurs” ခေါင်းစဉ် ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို မြန်မာစီးပွားစီမံအမှုဆောင်များအသင်း Myanmar Business Executives Association – MBE နှင့် ပူးပေါင်းကာ ၂၀၁၉ ခုနစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က Bagan Umbra Hotel, Nyaung U တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၏ ဥက္ကဋ္ဌ ဒေါ်လင်းလင်းတင်ထွန်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ ဦးဟန်မြင့်မောင် (Chairperson, Learning and Development Committee) က Sustainable Development Goals များမှ ပုဂံဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံး အချက် ၅ ချက်ကိုဆွေးနွေးပေးခဲ့ပါသည်။ တက်ရောက်လာသူများ မှ ထိုအဓိကအကျဆုံးအချက် ၅ ချက် မှ အချက်တစ်ခုချင်းစီကို စားပွဲဝိုင်းများခွဲ၍ ဆွေးနွေးစေခဲ့ပြီး ဆွေးနွေးရာမှ ထွက်ပေါ်လာသော ဆွေးနွေးချက်ရလဒ်များကို စကားဝိုင်းဖွဲ့ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာပြီးဆုံးစေခဲ့ပါသည်။

ဆွေးနွေးပွဲအပြီးတွင် Bagan Regional Development Association (BRDA) ၏ ဥက္ကဋ္ဌ ဦးဟန်ဝင်းမောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာသော MYEA အသင်း၏ ဒုဥက္ကဋ္ဌ ဦးဇော်မင်းသန့်ကလည် GEW ပွဲများကျင်းပရခြင်းအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။