Small Steps – Big Impact for your Business Growth အခမ်းအနား

Home / News / Small Steps – Big Impact for your Business Growth အခမ်းအနား
အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ငန်းတိုင်း တာဝန်ယူမှုရှိရှိဖြင့် ရေရှည်ရပ်တည် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ကောင်းများ ရရှိစေရန် ရည်ရွယ်သော “Small Steps – Big Impact for your Business Growth” အခမ်းအနားကို မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က ဦးစီး၍ ၂၀၂၄ ခုနှစ်၊ မေလ (၄) ရက်နေ့ (စနေနေ့)၊ မွန်းလွဲ (၁း၃၀) နာရီ၊ Chatrium Hotel ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
လက်ရှိ အောင်မြင်နေသော စီးပွားရေးလုပ်ငန်းများစွာ ပံ့ပိုးမှုပေးထားသည့် ယင်းအခမ်းအနားတွင် MBE အသင်း နာယက Prof. Dr. အောင်ထွန်းသက်က Key Note Speech ဦးစွာ ပြောကြားပြီးနောက် စီးပွားရေး လုပ်ငန်းများအနေဖြင့် တာဝန်ယူမှုရှိသည့် စီးပွားရေး အလေ့အကျင့်ကောင်းများ ဖြစ်ထွန်း ပေါ်ပေါက်လာစေရေး MBE အသင်းက ပံ့ပိုး ဆောင်ရွက် ပေးမည့် အစီအစဉ်သစ်တစ်ခုကို ရှင်းလင်း မိတ်ဆက်သွားမည် ဖြစ်ပါသည်။
ယင်းနောက် ဦးဆောင်စီးပွားရေးလုပ်ငန်းရှင်များက “Small Steps – Big Impact for Your Business Growth” ခေါင်းစဥ်ဖြင့် စီးပွားရေး လုပ်ငန်းများ တာဝန်ယူမှုရှိရှိဖြင့် ရေရှည် ရပ်တည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၎င်းတို့ လက်တွေ့ ဆောင်ရွက်နေကြသော အလေ့အထကောင်းများအား ဆွေးနွေးသည့် အစီအစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများအနေဖြင့် စိန်ခေါ်မှု အခက်အခဲများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကာ ရေရှည်ရပ်တည် ဖွံ့ဖြိုးတိုးတက်နိုင်သော အလေ့အထကောင်းများကို လေ့လာသိရှိရမည့် ယခု အခမ်းအနားကို စီးပွားရေး ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များ၊ MSMEs လုပ်ငန်းရှင်များ၊ ကော်ပိုရိတ် စီမံခန့်ခွဲသူများ၊ စီးပွားစီမံ အမှုဆောင်များ၊ ဝန်ထမ်းများနှ င့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် စိတ်ပါ၀င်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မည် ဖြစ်ပါသည်။
တက်ရောက်နိုင်သည့် လူဦးရေ ကန့်သတ်ထားသည့် အတွက် စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ လင့်ခ် တွင် ကြိုတင် ဖြည့်စွက်ပြီး အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါသည်။
Registration ပြုလုပ်ရန် လင့်ခ် –