မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ အသင်းသားများ ချစ်ကြည်စည်းလုံးမှု ပိုမို တိုးပွားလာရေးနှင့် ရှေ့လုပ်ငန်းစဉ် များအတွက် ဆွေးနွေး ဆုံးဖြတ်နိုင်ရေး တို့အတွက် 𝐌𝐁𝐄 𝐑𝐞𝐭𝐫𝐞𝐚𝐭 (𝟐𝟎𝟐𝟔) 𝐌𝐞𝐞𝐭𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်မှ (၁၄) ရက်အထိ ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေရှိ Amazing Chaung Tha Hotel ၌ ပြုလုပ်ခဲ့ရာ MBE အသင်း အလုပ်အမှုဆောင်များ၊ MBE အသင်း အကြံပေးအဖွဲ့ဝင်များ၊ MBE အသင်းဝင်များ၊ မိသားစုဝင်များနှင့် MBE ရုံးအဖွဲ့ ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
MBE အသင်း၏ လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြ ဆွေးနွေးခြင်း၊ အသင်း ပိုမို တိုးတက် အောင်မြင်ရေးအတွက် အကြံပြု ဆွေးနွေးချက်များကို ရယူခြင်း၊ တို့ ဆောင်ရွက်ခဲ့ကြပြီး လက်ရှိ (၂၀၂၅-၂၀၂၇) အလုပ်အမှုဆောင်အဖွဲ့ သက်တမ်းအတွင်း ဆက်လက် ဆောင်ရွက်သွားမည့် အသင်း လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ခဲ့ကြပါသည်။
MBE အသင်းဝင်များ စုပေါင်းကာ 𝐁𝐞𝐚𝐜𝐡 𝐂𝐥𝐞𝐚𝐧𝐮𝐩 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐲 (𝐏𝐥𝐚𝐬𝐭𝐢𝐜 𝐖𝐚𝐬𝐭𝐞 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧) ကိုလည်း တစုတစည်းတည်း ဆောင်ရွက်ခဲ့ကြပြီး Retreat Activities များကို စုံညီစွာ ပါဝင် ဆောင်ရွက်ခဲ့ကြပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။















































