မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) နှင့် Rotary Club of River Ayeyarwady (RCRA) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခြင်းကို (၂၀၂၅) ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့က Novotel Hotel Yangon ၌ ကျင်းပခဲ့သည့် Rotary Club of River Ayeyarwady (RCRA) Installation Ceremony for Charter President and Officers အခမ်းအနားတွင် ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ MBE အသင်း ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ MoU လက်မှတ်ရေးထိုးခြင်းကို MBE အသင်းဥက္ကဋ္ဌ ဦးမင်းဦး နှင့် အထွေထွေ အတွင်းရေးမှူး ဦးသိန်းဦးတို့က MBE အသင်းကိုယ်စား ဆောင်ရွက်ခဲ့ကြပါသည်။ နှစ်ဖက်အဖွဲ့အစည်းများ အနေဖြင့် Basic Education & Literacy ၊ Economic & Community Development ၊ Environment ၊ Responsible Business Development ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။











