Earthquake Assistance Program

Home / News / Earthquake Assistance Program
အသက်မွေးဝမ်းကျောင်းပညာ (ပန်းရံ/ လက်သမား) အခြေခံရက်တိုသင်တန်းများကို မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ Earthquake Assistance Program တစ်ရပ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ၌ MBE အသင်းက (၁၈.၈.၂၀၂၅) ရက်နေ့၌ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိပါသည်။
သင်တန်းအပတ်စဥ် တစ်ခုလျှင် လူဦးရေ (၂၀) ဦးနှုန်းဖြင့် ငလျင်ဒဏ်သင့် မင်္ဂလာရန်ကင်း အိမ်ရာနေ – အသက် (18) နှစ်မှ (50) နှစ်အတွင်းရှိ ကျား/မ မရွေး၊ လူမျိုးဘာသာမရွေး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အမှန်တကယ် ဝင်ရောက်မည့် သင်တန်းသား/ သူ များကို THS (Mdy) နှင့် NSSA Assessor သင်တန်း ဆရာ/ဆရာမ များက စာတွေ့/ လက်တွေ့ အချိန်ပြည့် (၁၀) ရက် သင်ကြား‌ ပြသ ပေးမည် ဖြစ်ပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။