အမွေအနှစ်အဖြစ် တည်တံ့စေမည့် မိသားစု စီးပွားရေး စီမံအုပ်ချုပ်မှု အလေ့အထကောင်းများ အနာဂတ်အတွက် တည်ဆောက်နိုင်ရန် ရည်ရွယ် ကျင်းပသည့် “𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐚 𝐋𝐞𝐠𝐚𝐜𝐲: 𝐅𝐚𝐦𝐢𝐥𝐲 𝐆𝐨𝐯𝐞𝐫𝐧𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞” အခမ်းအနားကို မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ YSX – Yangon Stock Exchange ခန်းမ ၌ ကျင်းပခဲ့ရာ MBE အသင်းအလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများက ဧည့်သည်တော်များ၊ ဖိတ်ကြားထားသူများ၊ ပြည်တွင်း/ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ၊ မိသားစု စီးပွားရေး လုပ်ငန်းများကို လက်ဆင့်ကမ်း တည်ဆောက်လိုသော လုပ်ငန်းရှင်များ၊ စိတ်ဝင်စားသူများ၊ စုစုပေါင်း လူဦးရေ (၂၃၀) ခန့် စုံညီစွာ ပါဝင် တက်ရောက်ခဲ့ကြပါသည်။
MBE အသင်းက ဆောင်ရွက်လျက်ရှိသော Responsible Business Development Program ၏ လုပ်ငန်းစဥ် တစ်ရပ်အဖြစ် ကျင်းပခဲ့သည့် ယခု အခမ်းအနားတွင် MBE အသင်းဥက္ကဋ္ဌ ဦးမင်းဦး က အဖွင့်အမှာစကား ပြောကြားခြင်း၊ 𝐃𝐚𝐰 𝐖𝐢𝐧 𝐖𝐢𝐧 𝐓𝐢𝐧𝐭 (𝐆𝐫𝐨𝐮𝐩 𝐂𝐄𝐎, 𝐂𝐢𝐭𝐲 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐋𝐢𝐦𝐢𝐭𝐞𝐝) က မိသားစု စီမံအုပ်ချုပ်မှု (Family Governance) အကြောင်း Key Note Speech ပြောကြားခြင်း၊ MBE အသင်း ဒုတိယဥက္ကဋ္ဌ (၂) Dr. မျိုးမင်းက အခမ်းအနား ဖြစ်မြောက်ရေး ပံ့ပိုးခဲ့ကြသည့် 𝐏𝐥𝐚𝐭𝐢𝐧𝐮𝐦 𝐏𝐚𝐫𝐭𝐧𝐞𝐫 များ ဖြစ်ကြသည့် – 𝐀𝐔 𝐌𝐈𝐓 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 ၊ 𝐂𝐢𝐭𝐲 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐋𝐢𝐦𝐢𝐭𝐞𝐝 ၊ 𝐄𝐯𝐞𝐫 𝐅𝐥𝐨𝐰 𝐑𝐢𝐯𝐞𝐫 𝐆𝐫𝐨𝐮𝐩 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 နှင့် 𝐓𝐫𝐮𝐬𝐭 𝐕𝐞𝐧𝐭𝐮𝐫𝐞 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 𝐂𝐨., 𝐋𝐭𝐝. တို့နှင့် 𝐆𝐨𝐥𝐝 𝐏𝐚𝐫𝐭𝐧𝐞𝐫 များ ဖြစ်ကြသည့် – 𝐆𝐥𝐨𝐛𝐚𝐥 𝐖𝐨𝐫𝐥𝐝 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 နှင့် 𝐆𝐞𝐦𝐨𝐫𝐚 𝐆𝐨𝐥𝐝 & 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲 တို့ကို ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ခြင်း တို့ ဆောင်ရွက်ခဲ့ပါသည်။
စီးပွားရေး လုပ်ငန်းရှင်များအတွက် မျိုးဆက်တစ်ခုမှသည် နောက်တစ်ခုဆီသို့ အနာဂတ်အတွက် မိသားစု စီမံအုပ်ချုပ်မှုအမွေအနှစ်ကို တစ်ဆက်တည်း လက်ဆင့်ကမ်းတည်ဆောက်နိုင်ရန်၊ မိသားစု စီမံအုပ်ချုပ်မှု (Family Governance) အလေ့အထကောင်းများကို သိရှိကျင့်သုံးနိုင်ရန် ရည်ရွယ်ထားသော ယခု အခမ်းအနား၏ 𝐏𝐚𝐧𝐞𝐥 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 အစီအစဉ်တွင် မိသားစု စီမံအုပ်ချုပ်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်တွေ့ ကျင့်သုံးနေကြသော အတွေ့အကြုံရှိ ဦးဆောင် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည့် 𝐔 𝐊𝐲𝐚𝐰 𝐋𝐰𝐢𝐧 𝐎𝐨 – 𝐂𝐡𝐚𝐢𝐫𝐦𝐚𝐧, 𝐄𝐯𝐞𝐫 𝐅𝐥𝐨𝐰 𝐑𝐢𝐯𝐞𝐫 𝐆𝐫𝐨𝐮𝐩 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨., 𝐋𝐭𝐝. ၊ 𝐔 𝐊𝐲𝐚𝐰 𝐓𝐡𝐞𝐭 𝐍𝐚𝐢𝐧𝐠 – 𝐌𝐚𝐧𝐚𝐠𝐢𝐧𝐠 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫, 𝐘𝐨𝐤𝐞 𝐏𝐲𝐨 𝐂𝐨., 𝐋𝐭𝐝. ၊𝐃𝐚𝐰 𝐍𝐲𝐨 𝐍𝐲𝐨 𝐒𝐞𝐢𝐧 – 𝐂𝐄𝐎, 𝐔 𝐊𝐚𝐫 𝐊𝐚 𝐂𝐨., 𝐋𝐭𝐝. ၊ 𝐃𝐫. 𝐌𝐲𝐢𝐧𝐭 𝐌𝐲𝐢𝐧𝐭 𝐊𝐡𝐢𝐧 – 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫, 𝐌𝐌𝐊 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐧𝐚𝐜𝐤𝐬 𝐂𝐨., 𝐋𝐭𝐝. တို့က အဓိက ဆွေးနွေးသူ (Panelists) များ အဖြစ် လည်းကောင်း၊ MBE အသင်း၏ EC တစ်ဦးဖြစ်သော 𝐃𝐫. 𝐒𝐢 𝐓𝐡𝐮 𝐏𝐡𝐲𝐨 – 𝐂𝐄𝐎, 𝐓𝐫𝐮𝐬𝐭 𝐕𝐞𝐧𝐭𝐮𝐫𝐞 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 𝐂𝐨., 𝐋𝐭𝐝. က ဦးဆောင် ဆွေးနွေးသူ (Moderator) အဖြစ် လည်းကောင်း၊ ပါဝင် ဆောင်ရွက်ခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာသူတိုင်း ပါဝင်နိုင်သည့် ကံစမ်းမဲ အစီအစဉ်များ ဆောင်ရွက်ခြင်း၊ MBE အသင်း ဒုတိယဥက္ကဋ္ဌ (၁) ဦးဇော်မင်းသန့်က ကျေးဇူးတင်စကားပြောကြားခြင်း၊ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခြင်း အစီအစဉ်များ ပါဝင် ဆောင်ရွက်ခဲ့ကြပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
အခမ်းအနားအကြောင်း လင့်ခ် – https://www.facebook.com/share/v/16UrErmWkB/