မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) က “𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐚 𝐋𝐞𝐠𝐚𝐜𝐲: 𝐅𝐚𝐦𝐢𝐥𝐲 𝐆𝐨𝐯𝐞𝐫𝐧𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞” အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ YSX – Yangon Stock Exchange ခန်းမ ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အမွေအနှစ်အဖြစ် တည်တံ့စေမည့် မိသားစု စီးပွားရေး စီမံအုပ်ချုပ်မှု အလေ့အထကောင်းများ အနာဂတ်အတွက် တည်ဆောက်နိုင်ရန် ရည်ရွယ် ကျင်းပသည့် ယခုအခမ်းအနားတွင် စီးပွားရေး လုပ်ငန်းရှင်များအတွက် မျိုးဆက်တစ်ခုမှသည် နောက်တစ်ခုဆီသို့ အနာဂတ်အတွက် မိသားစု စီမံအုပ်ချုပ်မှုအမွေအနှစ်ကို တစ်ဆက်တည်း လက်ဆင့်ကမ်းတည်ဆောက်နိုင်ရန်၊ မိသားစု စီမံအုပ်ချုပ်မှု (Family Governance) အလေ့အထကောင်းများကို သိရှိကျင့်သုံးနိုင်ရန် မျှဝေ ဆောင်ရွက်ခဲ့ပါကြောင်း ဂုဏ်ယူစွာ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။